ဆန်းဖား ခရီးသွားလုပ်ငန်းမှ ငှားရမ်း အသုံးပြုသည့် မြန်မာ့လေကြောင်းမှ လေယာဉ်အမှတ် XY-AIA ATR-72 အမျိုးအစား လေယာဉ်တစ်စီးသည်
မေလ (၁၂) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် တာချီလိတ်-လားရှိုး
ခရီးစဉ်အတိုင်း လားရှိုးသို့ထွက်ခွာလာရာ လက်ဝဲဘက် အင်ဂျင်ပါဝါကျသဖြင့်
နေ့လည် ၂ နာရီခန့်တွင် တာချီလိတ်လေဆိပ်သို့
အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ လေယာဉ်ကလားရှိုးကိုသွားနေရင်း
လမ်းမှာအင်ဂျင်တစ်လုံးပါဝါကျလို့ တာချီလိတ်ကိုပြန်ပြီးဆင်းခဲ့တာပါ၊ ဘယ်သူမှ
အထိအခိုက်မရှိပါဘူး၊ လားရှိုး သွားမယ့် ခရီးသည်အယောက် ၂၀ ကိုလည်း Asia Win
လေကြောင်းနဲ့ ညနေ ၃ နာရီမှ လားရှိုးကိုပို့ပေး လိုက်ရပါတယ်။ အခုလဲ ရန်ကုန်က
အင်ဂျင်နီယာတွေရောက်နေပါပြီ၊ လေယာဉ်ကိုပြင်ဆင်နေပါတယ်ဟု လေဆိပ်မှ
တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
စိုင်းလေး(တာချီလိတ်)
စိုင်းလေး(တာချီလိတ်)

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား