img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, May 14, 2013

ပြည်မြို့တွင် ဆရာတော်ကြီး တစ်ပါးအား လူတစ်စု ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်အား ဓါးဖြင့်မွှန်ပြီး ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်ဖြစ်ပေါ်


မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်မှာရာဇ၀တ် မှူ့များဖြစ်ပေါ်လျှက်ရှိပါသည်။ ပြည်မြို့ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ သက်တော်(၈၂))၀ါတော်(၆၂) ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအား (ဓါးဖြင့်) လှီးဖြတ်ပြီး ဗိုက်တော်အား ဓါးဖြင့်ထိုးတဲ့ခဲ့တဲ့ အမှု့တစ်ခုဖြစ်ခဲ့ပါသည်။ အဆိုပါအမှု့ဖြစ်စဉ်မှာ ယနေ့ နေ့လည် (14.5.2013)ရက်နေ့ နေ့လည် (13း0)ခန့်မှာ အဂါင်္နေ့ မှာဆရာတော်ဘုရား ကြီးသည် (ပုညဓမ္မာရုံ) မှာသတင်းသုံးနေစဉ် ကျောင်းတိုက်ပေါ်သို့ လူ(4) သို့ (5) ယောက်ခန့်တက် လာပြီး ဓါးဖြင့်လှီးဖြတ် ထိုးခဲ့လို့ဆရာတော် ဘုရားကြီးအခု (ပြည်မြို့ ပြည်သူ့ဆေးရုံ)ခွဲစိတ်ဆောင် မှာတက်ရောက်နေ ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ကိုယ်တော်မှာရသွားသော ဒဏ်ရာများကတော့ (၀မ်းဗိုက်မှာ ဓါးဖြင့်ထိုးခံရတဲ့ဒဏ်ရာ (1) ချတ်၊ ဘယ်ပါးနှင့်ညာပါးမှာ ဓါးဖြင့်အမွှန်းခံရတဲ့ဒဏ်ရာတစ်ချတ်စီနှင့် ညာလက်၊ လက်ဖြန်မှာလှီးဖြတ်ဒဏ်ရာ (1)ချတ်၊ ဘယ်ဘက်၊ ပုခုံးစောင်းမှာ လှီးဖြတ် ဒဏ်ရာ (1)ချတ် စုစုပေါင်းဒဏ်ရာ(5)ချတ်ရရှိခဲ့ပါတယ်။
ဆရာတော်ဦးသောဘိတ ၏ကိုင်ဆောင်ထားသော လက်ကိုင်ဖုန်း ပါသွားခဲ့ပါသည်။
ဆရာတော့လက်ကိုင်ဖုန်းနံပါတ်က(0931216445)ပဲဖြစ်ပါတယ် ကျန်တဲ့ပစ္စပည်းများပါမပါ ကိုတော့စုံစမ်းနေတုန်းပါပဲ။
တရားခံအားတာဝန်ရှိရဲများနှင့် ပြည်သူပြည်သား များကလိုက်လံ စုံစမ်းလျှက်ရှိ ပါတယ်။
ကျွန်တော်သတင်းကိုအခုရသလောက်တင်ပြလိုက်ရပါတယ် ဒါကတော့ဆရာတော်ဘုရားကြီး ခွဲစိတ်ဆောင်ကို ၀င်သွားတဲ့ပုံနှင့် ဆရာတော်ဘုရားကြီးဆေးရုံလူနာတင် ကုတင်ပေါ်တွင် ကျန်ရှိနေတဲ့သွေးစက်တော်များပါ။

ပြည်မြို့ကဘုန်းကြီးသတ်တဲ့ကောင်မိပြီဗျို့

၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရွာဘဲရပ်ကွက်၊ပုညရှင်ဓမ္မာရုံကျောင်းမှဆရာတော်အားဓားဖြင့်ထိုးပြီးထွက် ပြေးသွားသောတရားခံရဲဝင်း(ခ)ရဲနောင်အား ပြည်မြို့၊မြို့မ ရဲစခန်းမှူးဒုရဲမှူး ၀င်းခိုင်ဦးစီး နယ်ထိမ်းအဖွဲ့မှ(၁၅. ၅ .၂၀၁၃) ရက်နေ့နံနက်(၁း၀၀)နာရီ၄၅မိနစ်က သီရိခေတ္တရာတည်းခိုခန်း၌တည်းခိုနေစဉ်ဖမ်းစီးရမိခဲ့ပါသည်။
၎င်းအပြင်တရားခံရဲဝင်း(ခ)ရဲနောင်သည်ဆိုင်ကယ်ခိုးမှုများစစ်ဆေးပေါ်ပေါက်ကြောင်ပြည်မြို့မရဲစခန်း တာဝန်ရှိသူထံမှသိရသည်။

တရာခံရဲဝင်း(ခ)ရဲနောင်ပုံပါ.... Watch Man
https://www.facebook.com/photo.php?fbid=192867034199118&set=a.171675509651604.1073741828.100004274675013&type=1&relevant_count=1&ref=nf

ပြည်မြို့မှ ဆရာတော်တစ်ပါးအား လူတစ်ဦးမှဓါးဖြင့်ထိုး........သတင်းတိတိကျကျ ဖတ်ချင်ရင်..........(၁၄.၅.၂၀၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်ကဖြစ်ပွားခဲ့သော ပုညရှင်စေတီကျောင်းမှဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံကို ပြည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းနိုင်နှင့် နယ်ထိန်းအဖွဲ့၊ ရဲစခန်းရှိတပ်ဖွဲ့ဝင်များ၊ သက်သေ ဦးသန်းထူးနှင့်အဖွဲ့တို့မှ အခင်းဖြစ်ပွါးသည့်အချိန်မှစ၍ တရားခံအမြန်ဖော်ထုတ်နိုင်ရေးအတွက် မနားမနေအစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်။ ထိုသို့ကြိုးပမ်းအားထုတ်မှု ကြောင့် အချိန်အတိုအတွင်း တရားခံမည်သူမည်ဝါဆိုတာ သိခဲ့ရပါတယ်။ သို့သော်လည်းတရားခံမှာအခင်း ဖြစ်သည့်အချိန်မှစပြီးထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၄င်းသွားလာတတ်သည့်နေရာများအား နယ်ထိန်းအဖွဲ့မှ အမာခံသတင်းပေးများဖြင့်ပူးပေါင်းစုံစမ်းခဲ့ရာ နောက်ဆုံးတရားခံသွားလာတတ်သည့်နေရာများသိရှိခဲ့ရပါတယ်။ ည(၁၁၄၅)အချိန် စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့မှ တရားခံရောက်ရှိလာမည့်နေရာ(တည်းခိုခန်းတစ်ခု)တွင် လျှို့ဝှက်စောင့် ဆိုင်းကာတရားခံအားဖမ်းဆီး ရမိပြီး သက်သေခံပစ္စည်း ဖုန်းနှင့်ဓါးအား သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ၄င်းကိုစစ်မေးတဲ့အခါ ရဲနောင်(၂၆)နှစ်၊ မြကန်သာနေသူဖြစ်ကြောင်း သိရှိရ ပြီး ဆရာတော်ကိုဓါးနှင့်ထိုး တယ်လီဖုန်းကိုယူဆောင်ခဲ့ကြောင်းဝန်ခံခဲ့ပါ တယ် ပြည်သတင်းလူငယ် တင်ခဲ့သလို အဖွဲ့လိုက်မဟုတ်ပဲ တစ်ယောက်တည်းသာဖြစ်ပါတယ်လို့သတင်းပေးပို့သူတစ်ဦးထံမှသိရှိ ရပါတယ်။ ၉ နာရီ ၄၅မိနစ်အတွင်း တရားခံအမြန်ဆုံးဖမ်းဆီးပေးနိုင်တဲ့ ရဲတပ်ဖွဲ့အတွက်ဂုဏ်ယူပါတယ်။

Khant Htal Maung

ပြည်သတင်း


Posted From ပြည်သတင်းလူငယ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား