img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, May 1, 2013

ဧပြီလ ၃၀ ရက် ဥက္ကံမြို့နယ် ဖြစ်စဉ်အတွင်း ဥက္ကံမြို့ပေါ်မှာ ဘာသာရေးစာသင်ကျောင်း ၁ ခု ဈေးဆိုင်ခန်း ၁၅ ခု၊ လူနေအိမ် ၅၃ လုံး ပျက်ဆီးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က သတင်းထုတ်ပြန်

ဧပြီလ ၃၀ ရက် ဥက္ကံမြို့နယ် ဖြစ်စဉ်အတွင်း ဥက္ကံမြို့ပေါ်မှာ ဘာသာရေးစာသင်ကျောင်း ၁ ခု ဈေးဆိုင်ခန်း ၁၅ ခု၊ လူနေအိမ် ၅၃ လုံး ပျက်ဆီးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒေသတွင်း ကျေးရွာတွေဖြစ်တဲ့ မီးလောင်စခန်း၊ ပနီပင်၊ ကျွဲပုံလေး၊ ခြောက်တဲနဲ့ ရတနာကုန်းကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာတော့ ဗလီ ၁ လုံးမီးလောင်၊ ၃ လုံးပျက်ဆီးခဲ့ပြီး၊ ဘာသာရေးစာသင်ကျောင်း ၂ ကျောင်း မီးလောင်၊ ၂ ကျောင်း ပျက်ဆီးခဲ့တဲ့အပြင် လူနေအိမ် ၁၅၁ လုံး မီးလောင်၊ ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့လည်း အဲ့ဒီ အုပ်ချုပ်ရေးမှူး ရုံး သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေမှာတော့ အဲ့ဒီဒေသကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အင်အားအသုံးပြု ထိန်းသိမ်း ထားတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲတိုင်းမှူးသက်လွင်က ပြောပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား