မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောမငြိမ်မသက်မှုများအား
အေးချမ်းစွာအဖြေရှာနိုင်ရန်အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊
အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ
ကိုယ်စားလှယ်များစုပေါင်း၍ “မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်
သဟဇာတဖြစ်ရေး အတွက် အရပ်ဖက်လူ့အဖွဲ့ အစည်းများနှင့်
ဘာသာပေါင်းစုံဆွေးနွေးပွဲ”ကို Myanmar Peace Center,
ဆွေးနွေးပွဲခန်းမ၌မတ်လ ၃၀ရက် ၂၀၁၃၊ နေ့လည်၂နာရီမှစတင်၍ ကျင်းပခဲ့ပါသည်။
ယင်းဆွေးနွေးပွဲ အပြီးတွင် မိတ္ထီလာအပါအဝင် အခြားနေရာများတွင် ဖြစ်ပွားနေသော
မငြိမ်မသက်မှုများနှင့် ပတ်သက်၍ အောက်ပါအချက်များ ပါဝင်သော
ပူးတွဲကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါသည်။
၂၀၁၃ ခုနှစ်၊ မတ်လ (၂၈)
ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းကို
လေးလေးနက်နက် ထောက်ခံအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး
ပြောကြားသည့် “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ကို ခုတုံးလုပ်ပြီး
အလွဲသုံးတဲ့ အယူသီးအစွန်း ရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား
အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့
နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်အောင်
ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပေဒများနှင့်
အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို
ထောက်ခံ ကြိုဆိုပါသည်။
(၁)
ကျွန်ုပ်တို့မြန်မာနိုင်ငံအား“မတူကွဲပြားသည့်လူမျိုးဘာသာအမျိုးမျိုးတို့
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ဒီမိုကရေစီအခြေခံသည့်
ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး” ဖြစ်အောင် ဆောင်ရွက်သွားရမည်မှာ
နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။
(၂) မြန်မာနိုင်ငံသည်
ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံတို့
သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်သည့် သမိုင်းအစဉ်အလာကြီးသည့်
နိုင်ငံတော်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းတွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသကဲ့သို့အယူဝါဒကွဲပြားသည့်
ဘာသာဝင်များသည်လည်းအချင်းချင်းစာနာထောက်ထားလေးစားရန် နိုင်ငံသားတိုင်း၌
တာဝန်ရှိပါသည်။
(၃) ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်တွင်
မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်တိုက်ခိုက်မှုများ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို
ခြိမ်းခြောက်ရန်ရှာမှုများ၊ လူမျိုးဘာသာအပေါ်အခြေခံ၍ နိုင်ငံသားအချင်းချင်း
ခွဲခြားဆက်ဆံမှုများအားလုံးကိုဒီမိုကရေစီအသွင်ကူးပြောင်းရေး၏
အတားအဆီးများအဖြစ်ကန့်ကွက် ဆန့်ကျင်သည်။
(၄)
လက်ရှိဖြစ်ပွားနေသောအဓိကရုဏ်းများပျံ့ပွားခြင်းကိုဟန့်တားနိုင်ရန်အတွက်
နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်များသာမက ဘာသာရေး ခေါင်းဆောင်များ၊
လူထုအဖွဲ့အစည်းများ၊ ဒေသခံလူထုများပါ ပူးပေါင်းပါဝင်
ဆောင်ရွက်ကြရန်တာဝန်ရှိပါသည်။ ယခုတက်ရောက်လာသော ဘာသာရေးခေါင်းဆောင်များ၊
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ထိုသို့ပူးပေါင်းဆောင်ရွက်ရန်
ကတိပြုပါသည်။
(၅) နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်ဖြစ်သည့် “ဥပဒေမဲ့
အကြမ်းဖက်ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့အညီထိထိရောက်ရောက်
အရေးယူသွားမည်”ဟူသည့်ကတိ ကို အပြည့်အဝ တာဝန်ယူ အကောင်အထည်ဖော်ရန်
တိုက်တွန်းပါသည်။
(၆) ယခုလက်ရှိအခြေအနေတွင်
အဓိကရုဏ်းများမပျံ့နှံ့အောင် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ရန် အလွန်
အရေးကြီးပါသည်။ သို့အတွက် ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးနှင့်
အဖွဲ့အစည်း များက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့်
ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပါသည်။
(၇)
ဖြစ်ပွားခဲ့သောအကြမ်းဖက်အဓိကရုဏ်းများကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊
ထိခိုက် နစ်နာမှုများ ရှိခဲ့ပြီးယင်းတို့မှတဆင့် ပေါ်ပေါက်လာခဲ့သောသံသယများ၊
မယုံကြည်မှုများနှင့်
စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုပြန်လည်ကုစားနိုင်ရန်အတွက်“မတူညီသော
အသိုက်အဝန်းများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း နှင့်
ပြန်လည်သင့်မြတ်ရေး” တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
(၈)
မတူညီသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးအတွက်
ရေရှည်တည်တံ့မည့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်နိုင်ရေး
တို့ကို အကောင်အထည် ဖော်ရာတွင်
လူမှုလူတန်းစားအလွှာပေါင်းစုံအကြားပွင့်လင်းမြင်သာသည့် ဆွေးနွေး မှုများ
(Community Dialogue) ဖြစ်ပေါ်လာရေးကို ယနေ့တက်ရောက်လာသော
ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း အားလုံးမှ ပူးပေါင်း လုပ်ဆောင်သွားမည်။
(၉) ပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးကြသူများသည်
ပြည်သူလူထုအကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ
ယှဉ်တွဲနေထိုင်ရေးမူကို ပျံ့နှံ့လက်ခံအောင် စည်းရုံး လုပ်ဆောင်သွားရန်
သဘောတူသည်။
(၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့်
ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင်
ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။
၂၀၁၃ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းကို လေးလေးနက်နက် ထောက်ခံအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့် “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်း ရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပေဒများနှင့် အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို ထောက်ခံ ကြိုဆိုပါသည်။
(၁) ကျွန်ုပ်တို့မြန်မာနိုင်ငံအား“မတူကွဲပြားသည့်လူမျိုးဘာသာအမျိုးမျိုးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ဒီမိုကရေစီအခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး” ဖြစ်အောင် ဆောင်ရွက်သွားရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။
(၂) မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံတို့ သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်သည့် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတော်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းတွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသကဲ့သို့အယူဝါဒကွဲပြားသည့် ဘာသာဝင်များသည်လည်းအချင်းချင်းစာနာထောက်ထားလေးစားရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပါသည်။
(၃) ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်တွင် မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ရန်ရှာမှုများ၊ လူမျိုးဘာသာအပေါ်အခြေခံ၍ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုများအားလုံးကိုဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ အတားအဆီးများအဖြစ်ကန့်ကွက် ဆန့်ကျင်သည်။
(၄) လက်ရှိဖြစ်ပွားနေသောအဓိကရုဏ်းများပျံ့ပွားခြင်းကိုဟန့်တားနိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်များသာမက ဘာသာရေး ခေါင်းဆောင်များ၊ လူထုအဖွဲ့အစည်းများ၊ ဒေသခံလူထုများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တာဝန်ရှိပါသည်။ ယခုတက်ရောက်လာသော ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ထိုသို့ပူးပေါင်းဆောင်ရွက်ရန် ကတိပြုပါသည်။
(၅) နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်ဖြစ်သည့် “ဥပဒေမဲ့ အကြမ်းဖက်ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူသွားမည်”ဟူသည့်ကတိ ကို အပြည့်အဝ တာဝန်ယူ အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်။
(၆) ယခုလက်ရှိအခြေအနေတွင် အဓိကရုဏ်းများမပျံ့နှံ့အောင် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ရန် အလွန် အရေးကြီးပါသည်။ သို့အတွက် ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း များက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပါသည်။
(၇) ဖြစ်ပွားခဲ့သောအကြမ်းဖက်အဓိကရုဏ်းများကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက် နစ်နာမှုများ ရှိခဲ့ပြီးယင်းတို့မှတဆင့် ပေါ်ပေါက်လာခဲ့သောသံသယများ၊ မယုံကြည်မှုများနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုပြန်လည်ကုစားနိုင်ရန်အတွက်“မတူညီသော အသိုက်အဝန်းများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေး” တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
(၈) မတူညီသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးအတွက် ရေရှည်တည်တံ့မည့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်နိုင်ရေး တို့ကို အကောင်အထည် ဖော်ရာတွင် လူမှုလူတန်းစားအလွှာပေါင်းစုံအကြားပွင့်လင်းမြင်သာသည့် ဆွေးနွေး မှုများ (Community Dialogue) ဖြစ်ပေါ်လာရေးကို ယနေ့တက်ရောက်လာသော ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း အားလုံးမှ ပူးပေါင်း လုပ်ဆောင်သွားမည်။
(၉) ပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးကြသူများသည် ပြည်သူလူထုအကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို ပျံ့နှံ့လက်ခံအောင် စည်းရုံး လုပ်ဆောင်သွားရန် သဘောတူသည်။
(၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား