မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှုန်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ
ရေးနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေး
ဘဏ်က ဧပြီလ ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ် စီးပွားရေး ပညာရှင်ချုပ် Changyong Rhee က
“မြန်မာ့စီးပွားရေး အလားအလာဟာ ဆယ်စုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု၊
ပို့ကုန်၊ ခရီးသွားလုပ်ငန်း စတာတွေနဲ့ အတူ အတောက်ပဆုံး ဖြစ်လာပါတယ်။
စီးပွားရေး အလားအလာဟာလည်း သိသိသာသာ မြင့်မားလာပါတယ်။ ဒါပေမယ့်လည်း
ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ မူဝါဒတွေဟာ အရှိန်အဟုန်နဲ့ ရှေ့ဆက်မသွားခဲ့ဘူး
ဆိုရင် ဒါမှမဟုတ် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ ပိုပြီးပြင်းထန်လာခဲ့မယ်
ဆိုရင် အပြုသဘောဆောင်တဲ့ စီးပွားရေး အမြင်က အန္တရာယ်ရှိလာ နိုင်ပါတယ်” ဟု
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) သည် ၂၀၁၂
ခုနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၅
ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု
အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။
ထို့အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၃ ခုနှစ်အတွင်း ၅ ဒသမ ၁
ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းနှုန်းထားမှာ လက်ရှိအချိန်တွင်
မြင့်မားနေကြောင်းလည်း အာရှဖွံ့ဖြိုးဘဏ်၏ ၂၀၁၃ ခုနှစ် သုံးသပ်ချက်တွင်
ဖော်ပြထားသည်။
လက်ရှိအချိန်တွင် နိုင်ငံခြား ကုမ္ပဏီများ ၀င်ရောက်မှု
များပြားလျက်ရှိပြီး ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၂ ခုဝင်ရောက်ခဲ့ပြီး လွန်ခဲ့သည့်
သုံးနှစ်တာကာလအတွင်း ၀င်ရောက်မှုထက် ပိုမိုများပြားခဲ့ကြောင်း
အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း စီးပွားရေး
တိုးတက်မှုနှုန်းကို အစိုးရက ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု
ခန့်မှန်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က ၆ ဒသမ ၂၅
ရာခိုင်နှုန်း နှင့် ကမ္ဘာ့ဘဏ်က ၆ ဒသမ ၃ရာခိုင် နှုန်းတိုးတက်မည်ဟု
ခန့်မှန်းထားခဲ့သည်။
လက်ရှိမြန်မာ အစိုးရသည် နိုင်ငံ၏စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုး
(ဂျီဒီပီ)ကို ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပျမ်းမျှတစ်နှစ်လျှင် ၇ ဒသမ ၇
ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပြီး ငွေကြေးဖောင်းပွမှုနှုန်းကို ၂
ရာခိုင်နှုန်း ၀န်းကျင်တွင် ထိန်းထားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း
အစိုးရ၏ ငါးနှစ်တာကာလ ဖွံ့ဖြိုးရေး အစီအစဉ်အရ သတင်းရရှိသည်။
အဆိုပါ အစီအစဉ်အရ နိုင်ငံ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှုတန်ဖိုး
တိုးမြှင့်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အခြားစီးပွားရေးနှင့်
လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာအစိုးရက နှစ်စဉ်ဂျီဒီပီ တိုးတက်မှုနှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်း
ရရှိရေး ကြိုးပမ်းရန်၊ နိုင်ငံစီးပွားရေးတွင် စက်မှုကဏ္ဍ ပါဝင်မှု ရာခိုင်နှုန်း
၂၆ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာစေရန်၊ ၀န်ဆောင်မှုကဏ္ဍ
လုပ်ငန်းအချိုး တိုးတက်လာစေရန်၊ လူတစ်ဦးချင်း ဂျီဒီပီ တိုးတက်မှုနှုန်းကို
အခြေပြုသည့်နှစ်မှ တွက်လျှင် ၃၀-၄၀ ရာခိုင်နှုန်း တိုးတက်လာစေရန်နှင့်
လက်ရှိအစိုးရ သတ်မှတ်ထားသည့် အနိမ့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်းဖြစ် သော
၂၀၁၂ ခုနှစ် မေလအတွင်းဖြစ် ပေါ်ခဲ့သည့် ၁ ဒသမ ၈ ရာခိုင်နှုန်းဝန်း
ကျင်အတိုင်း ဆက်လက်ထိန်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Tuesday, April 9, 2013
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှုန်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်က ဧပြီလ ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား