မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သတင်းများ အရ ဥရောပ ယူနီယံဟာ ပြည်တွင်းမှ ပို့ကုန် ပစ္စည်းများ အားလုံးကို ကန့်သတ်ချက် မရှိဘဲ
တင်သွင်းခွင့်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဥရောပ ယူနီယံဟာ ပြည်တွင်းမှ ပို့ကုန် ပစ္စည်းများ အားလုံးကို ကန့်သတ်ချက် မရှိဘဲ တင်သွင်း ခွင့်ပြု သွားမယ့် GSP ခေါ် အထွေထွေ ကုန်သွယ်ခွန် ကင်းလွတ်ခွင့် စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းက ပို့ကုန် အားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ Quata ထိန်းချုပ် ကန့်သတ်မှုမရှိ တင်သွင်း ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ စနစ်ကို ၂၀၁၃ ခုနှစ် နှစ်လယ် လောက်မှာ ကျင့်သုံး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အီးယူမှ GSP အထူး အခွင့်အရေး သတ်မှတ်တဲ့ နိုင်ငံ အဖြစ်သို့ ရောက်ရှိ လာတဲ့အခါ မြန်မာနိုင်ငံ အနေနဲ့ GSP ခွင့်အရေးကို ပြည့်ပြည့်၀၀ အကျိုး ခံစားနိုင်ဖို့ မြန်မာ့ လုပ်ငန်းရှင်များဟာ အီးယူစတန်းဒက် အဆင့်မီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ဖို့ အကူအညီ အထောက်အပံ့ လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် အီးယူစတန်းဒက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးတဲ့ အစိုးရ အာဏာပိုင်များ ကလည်း စနစ်တကျ စစ်ဆေးနိုင်ဖို့ နည်းပညာ ပံ့ပိုးမှု အကူအညီ များလည်း လိုအပ် မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ်များမှာ နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာနဲ့ စွမ်းဆောင်ရည် တိုးမြှင့်ရေး ရေတို ပရောဂျက်များကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ အီးယူငါးလုပ်ငန်း ကဏ္ဍနဲ့ အထည်ချုပ် လုပ်ငန်း ထုတ်ကုန်ပစ္စည်း ကဏ္ဍများမှာ အများဆုံး ကုန်သွယ်မှု ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် GSP အဆင့် ခံစားခွင့်ရှိ လာတဲ့အခါ အဆိုပါ လုပ်ငန်းများ တင်ပို့မှုမှာ ပိုမိုတိုးတက် လာမှာဖြစ်ပြီး၊ အခြား ထုတ်ကုန် ပစ္စည်းများ တိုးမြှင့် တင်ပို့နိုင်မယ့် အလားအလာ ကောင်းများ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား