img.emoticon { padding: 0; margin: 0; border: 0; }

Sunday, April 28, 2013

တိုးမြှင့်ပင်စင်လစာအား ကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှသာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်

 
ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေးအတွက် ပင်စင်စားများမှ ကိုယ်တိုင်ဆောင်ရွက်ရန်မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှ တိုးမြှင့်ပင်စင်လစာသစ်ကို တာဝန်ယူတွက်ချက်၍ လက်ရှိပင်စင်လစာ ထုတ်ယူလျှက်ရှိသော မြန်မာ့စီးပွားရေးဘဏ်၊ လုပ်ငန်းအဖွဲ့အစည်းများသို့ အကြောင်းကြား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနကအသိပေး ကြေငြာထားသည်။
ပင်စင်စားများသည်လက်ရှိပင်စင်ခံစားနေသော အငြိမ်းစားများအား လက်ရှိပင်စင်လစာအပြင် ၀န်ထမ်းများအား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂၀၀၀၀ိ/- အပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ ၂၀၁၃ ခုနှစ်၊ ဧပြီလ လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။ 
 Popular Myanmar News Journal

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား