Tuesday, April 23, 2013
နေပြည်တော်မှာအိမ်ခြံမြေအရောင်းအ၀ယ်
ဧပြီ ၁၅ ရက်နောက်ပိုင်း နေပြည်တော်အိမ်ခြံမြေအရောင်း အ၀ယ်များ ဆက်လက်ရှိနေ ကြောင်း လမ်းကြားမြေကွက်များ ကို ဈေးချ၍ ရောင်းချလျက်ရှိ ကြောင်း သိရသည်။
စီးပွားရေးလုပ်ကိုင်ချင်သူ များ အရောင်းပြခန်းဖွင့်ချင်သူ များက ရာဇဌာနလမ်းမကြီးနှင့် ပေါင်းလောင်းလမ်းမကြီးများတွင် အရောင်းအ၀ယ်ဖြစ်နေကြကြောင်း အိမ်ခြံမြေအရောင်းအ၀ယ် ဈေး ကွက်အေးနေသော်လည်း အရောင်းအ၀ယ်ရှိနေကြောင်း ပေါင်းလောင်းလမ်းပေါ်က ပေ ၄၀x၆၀ မြေကွက်တစ်ကွက်လျှင် သိန်း ၂၀၀၀မှ သိန်း၂၅၀၀၊ ပေ ၈၀x၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀၀၀ ၀န်းကျင်၊ လမ်း ကြားထဲက ပေ ၄၀x၆၀ မြေတစ် ကွက်လျှင် ကျပ်သိန်း ၄၀၀ မှ ကျပ်သိန်း ၈၀၀ ၀န်းကျင် ဈေး ခေါ်နေကြကြောင်း၊ ယခင်က လူကြိုက်များခဲ့သည့် သပြေကုန်း မြေကွက်၊ ကျောက်ပြတိုက်အနီး က မြေကွက်များကို အရောင်း အ၀ယ်မေးမြန်းခြင်းမရှိတော့ ကြောင်း လမ်းကြားမြေဈေးကွက် များကို ဈေးချ၍ ခေါ်ဆိုနေကြ ကြောင်း သိရသည်။
http://www.hotnewsweekly.com/
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား