img.emoticon {
padding: 0;
margin: 0;
border: 0;
}
မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ ဘဏ်ခွဲပေါင်း ၂၀ အထိ တိုးမြှင့် ဖွင့်လှစ်မည်
မြန်မာနိုင်ငံသားများ ဘဏ်ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ လာမယ့် ၂ နှစ်အတွင်း
မြန်မာနိုင်ငံသားများ ဘဏ်ခွဲများကို အခု ၂၀ အထိ တိုးမြှင့် သွားဖို့
စီစဉ်ထားတယ်လို့ သိရပါ တယ်။ အခုလက်ရှိ မြန်မာနိုင်ငံသားများ ဘဏ်ဟာ
နိုင်ငံခြား ငွေစာရင်း ဌာန လုပ်ငန်း၊ နိုင်ငံခြားငွေများ လဲလှယ်
ရောင်းဝယ်ပေးခြင်း၊ နိုင်ငံခြား ငွေစာရင်းရှင် စာရင်း ဖွင့်လှစ်ပေးခြင်း၊
နိုင်ငံခြားငွေ စာရင်း လွှဲပြောင်း ပေးခြင်း၊ နိုင်ငံတကာ ငွေလွှဲ
လုပ်ငန်းများ သွင်းကုန် ဌာန လုပ်ငန်းနဲ့ ပို့ကုန် ဌာန လုပ်ငန်းများကို
ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာ ငွေလွှဲ လုပ်ငန်းများ
ဆောင်ရွက်ရာ မှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသား များရဲ့ လုပ်ခ
လစာများကို ယုံကြည် စိတ်ချစွာ လွှဲပို့ ပေးနိုင်ဖို့ မလေးရှား နိုင်ငံ
အခြေစိုက် IME (International Money Express)၊ ဒူဘိုင်းနိုင်ငံ အခြေစိုက်
X'Press Money နဲ့ အင်္ဂလန် အခြေစိုက် Money Gram တို့နဲ့ ချိတ်ဆက် ဆောင်ရွက်
လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ချိတ်ဆက် ထားတဲ့ ပြည်ပမှ ဘဏ်အနေနဲ့
မြန်မာနိုင်ငံသားများ ဘဏ်ရဲ့ ၀န်ဆောင်မှု များကို အဲ့ဒီ ဘဏ်ခွဲများ ရှိတဲ့
စုစုပေါင်း နေရာ ၁၂၅ ခုမှာ ၀န်ဆောင်မှုများ ပေးလျက် ရှိတယ်လို့ သတင်း
ရရှိပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား