img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 23, 2013

နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ ကူးစက်လောင်ကျွမ်း

နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ ကူးစက်လောင်ကျွမ်း
နေပြည်တော်၊ ဧပြီ ၂၃
၂၂-၄-၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကောက်ရွာ နေ ဦးမြင့်ဆွေ(၄၅)နှစ်၏ (၄x၃)ပင် သက္ကယ်မိုး/ထရံကာ/၀ါးကြမ်းခင်း နေအိမ်မီးဖို မီးကြွင်း မီးကျန်မှ မီးစတင်လောင်ကျွမ်းပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/သား(၂၀၀)ဦးခန့်မှ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ၀၁၀၅ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် (၃)ပင်ပတ်လည် သက်ကယ်မိုး/ထရံကာ/၀ါးကြမ်းခင်းနေအိမ်(၅)လုံး၊ တန်ဘိုးငွေကျပ်(၂၃၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးမြင့်ဆွေ၏ဇနီး ဒေါ်မြရင်အား လယ်ဝေးရဲစခန်း(ပ)၉၉/၂၀၁၃၊ ပြစ်မှုပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား