img.emoticon {
padding: 0;
margin: 0;
border: 0;
}
အများပြည်သူများအား အစုရှယ်ယာ ရောင်းချခြင်းဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို မေလ ၇ ရက်နေ့တွင်
ရန်ကုန်
(မဇ္ဈိမ)။ ။ အများပြည်သူများအား အစုရှယ်ယာ ရောင်းချခြင်းဆိုင်ရာ
ဆွေးနွေးပွဲ တရပ်ကို မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်
ပြုလုပ်မည် ဖြစ်သည်။
“ဆွေးနွေးပွဲမှာ အရင်းအနှီးဈေးကွက်၊ စတော့ အိပ်ချိန်းဆိုင်ရာ နည်းပညာတွေ၊
ဘဏ္ဍာရေးဆိုင်ရာ လိုအပ်တဲ့ အချက်အလက်တွေ၊ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊
အကျပ်အတည်းတွေ၊ အောင်မြင်ရေးဆိုင်ရာ အချက်တွေ၊ ရင်းနှီးမြှုပ်နှံမယ့်
ပုဂ္ဂိုလ်တွေက ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”
ဟု အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ
ဆွေးနွေးပွဲကို UMFCCI နှင့် စင်္ကာပူ အခြေစိုက် KPMG ကုမ္ပဏိတို့ ပူးပေါင်း၍
စီစဉ်ခြင်းဖြစ်ကာ မြန်မာ့ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊
အရင်းအနှီးဈေးကွက် ဖြစ်ပေါ်လာစေရေးနှင့် ၂၀၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း
အကောင်အထည်ဖေါ်လာနိုင်မည့် အခြေအနေတို့ကို ရည်ရွယ်၍ ပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေဖြင့် ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာနသို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းရမည် ဖြစ်သည်။
ခင်မျိုးသွယ်
Mizzima News
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား