img.emoticon { padding: 0; margin: 0; border: 0; }

Sunday, April 21, 2013

အခွန်ကောက်ခံမှုများနှင့် ပြန်လည်သုံးစွဲမှုများတွင် အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိမှသာ ပြည်သူများဘက်ကလည်း အခွန်ဆောင်ချင်လိမ့်မည်ဟု

အခွန်ကောက်ခံမှုများနှင့် ပြန်လည်သုံးစွဲမှုများတွင် အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိမှသာ ပြည်သူများဘက်ကလည်း အခွန်ဆောင်ချင်လိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၅ ရက်က ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အခွန်ကောက်သည့် စနစ်သည် ပြည်သူများ လက်ခံနိုင်လောက်သည့် အနေအထားတွင် မရှိဘဲ ရှင်းရှင်းလင်းလင်းလည်း မရှိကြောင်း၊ အခွန်ကောက်သည့် ဌာနများကလည်း အလုပ်ပီပီပြင်ပြင် ကျွမ်းကျွမ်းကျင်ကျင် မလုပ်နိုင်ကြောင်း၊ အရေးအကြီးဆုံးမှာ ပြည်သူများက ယင်းအခွန်အကောက်များကို မည်သည့်အတွက်ကြောင့် ကောက်သည် ဆိုခြင်းကို စိတ်ထဲတွင် မရှင်းဘဲ ပြည်သူများ၏ အကျိုး၊ တိုင်းပြည်၏ အကျိုးအတွက် ဆိုသည်ကို မယုံကြည်ခြင်းပင်ဖြစ်ကြောင်း စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


အစိုးရဘက်ကနေ မှန်မှန်ကန်ကန် လုပ်ရုံတင်မကဘူး။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ကောက်လိုက်တာ ဘယ်လောက်လဲ။ ဘယ်လိုရလဲ။ ဘယ်လိုပုံစံနဲ့ကောက်လဲ။ ဘာအတွက်သုံးလဲ။ ဒီဟာတွေကို အများပြည်သူတွေက လက်ခံရမယ်...
ဒေါ်အောင်ဆန်းစုကြည်က ''အစိုးရဘက်ကနေ မှန်မှန်ကန်ကန် လုပ်ရုံတင်မကဘူး။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ကောက်လိုက်တာ ဘယ်လောက်လဲ။ ဘယ်လိုရလဲ။ ဘယ်လိုပုံစံနဲ့ကောက်လဲ။ ဘာအတွက်သုံးလဲ။ ဒီဟာတွေကို အများပြည်သူတွေက လက်ခံရမယ်။ အများ ပြည်သူအနေနဲ့ အခွန်ကောက်ခြင်းဟာ နိုင်ငံရဲ့တိုးတက်ရေးအတွက် ဖြစ်တယ်။ ပြည်သူတွေရဲ့မေယ့် အခြေအနေ ရောက်လာမှာပါ'' ဟု ပြောသည်။
မြန်မာနိုင်ငံသည် သဘာဝ သယံဇာတများ ရှိသည့်အတွက် အာဏာရှင် အစိုးရများမှာ ပိုက်ဆံကို သုံးချင်သလို သုံးလို့ရနေသောကြောင့် ပြည်သူလူထုကို အားကိုးစရာမလို ဖြစ်နေကြောင်း၊ ပြည်သူလူထုက အခွန်ပေးမှ အစိုးရတစ်ခုက ရပ်တည်နိုင်မည် ဆိုပါက ယင်းအစိုးရသည် ပြည်သူကို ချော့ကိုချော့ရတော့မည် ဖြစ်ကြောင်း၊ ယင်းသို့ မဟုတ်ဘဲ သဘာဝ သယံဇာတများကို ရောင်းစား၍ ရသည့်ငွေများဖြင့် သုံးချင်တိုင်း သုံးကာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပါက အစိုးရနှင့် ပြည်သူများအကြားတွင် ယုံကြည်မှု လုံးဝရှိနိုင်တော့မည် မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
''ပြည်သူတွေက မြင်တာက အစိုးရဆိုတာ သူတို့လုပ်ချင်တာ လုပ်တာပဲ။ ရတဲ့ပိုက်ဆံတွေကိုလည်း သူတို့သုံးချင်တာ သုံးနေတာပဲ။ ပြည်သူတွေကတော့ မွဲသထက် မွဲလာတာပဲဆိုပြီး မြင်ကြတယ်။ အစိုးရကလည်း ပြည်သူတွေက ငါတို့ကို မထောက်ခံဘူး။ ထစ်ခနဲရှိ ဒို့အရေးပဲ အော်ချင်တာပဲဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ယုံကြည်မှုမရှိဘူး။ လေးစားမှုမရှိဘူး။ ချစ်ခင်မှုမရှိဘူး။ ဒါတွေက အားလုံးပြင်ယူရမယ့် ကိစ္စပဲ'' ဟု ၎င်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါသည့် အခြားနိုင်ငံသား ခံယူထားပါက သမ္မတအဖြစ် အရွေးခံခွင့် မရှိဘူးဆိုသည့် အချက်သည် ၎င်းကို ဦးတည်ပြီး ထည့်ထားသည်ဟု ထင်ကြောင်း၊ ယင်းကဲ့သို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဦးတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကာကွယ်ချင်၍ဖြစ်စေ၊ ကန့်သတ်ချင်၍ ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရေးဆွဲသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီ ၁၂ ရက်မှ ၁၉ ရက် အထိ ရက်သတ္တပတ်ကြာ အလည်အပတ်
http://news-eleven.com

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား