ခေါက်ဆွဲဂျပ်စက္ကူဖာအတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၁၇
၁၆-၃-၂၀၁၃ ရက်နေ့ ၁၇၂၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ လွယ်
ဆုတောင်း စေတီအနီးတွင်မူဆယ်မူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည်မူဆယ်ဘက်သို့ မူဆယ်
မြို့နယ်၊နောင်ဆိုင်ကျေးရွာနေ မလထော်ထု(ခ)မထု (၄၃)နှစ် မောင်းနှင် လာသော နံပါတ်မပါလော့
ဂျာ အမျိုးအစား အဖြူရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် တင်ဆောင်လာသော ယမ်ယမ်တံဆိပ် ခေါက်ဆွဲဂျပ်စက္ကူဖာ ၂ ဖာ အတွင်းမှ ဘိန်းဖြူမှုန့်ဆပ်ပြာခွက်
၁ ခွက်လျှင်အလေးချိန် ၁၂ ဂရမ်စီပါ ဘိန်းဖြူမှုန့်ဆပ်ပြာခွက် ၄၄ ခွက်၊ အလေးချိန် ၅၂၈ ဂရမ် ၊ တန်
ဘိုးငွေ ၉၅၀၄၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င်မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မလထော်ထု(ခ)မထုအား မူဆယ်
ရဲစခန်း မယ(ပ)၂၇/၂၀၁၃မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တောမီးလောင်ရာမှ ကုမ္ပဏီအဆောက်အဦများပါ မီးကူးစက်လောင်ကျွမ်း
နေပြည်တော်၊ မတ် ၁၇
၁၆-၃-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း(၂၉)ကျေးရွာ
မြောက်ဘက် (၁)မိုင်ခန့်အကွာ မြေရိုင်းတောဝါးရုံပင်ခြောက် ၁၀ ဧကခန့်အား တောမီးလောင်ကျွမ်းရာ
မှ (၂၉)မိုင်ကျေးရွာရှိ ရွှေစီးချောင်းကုမ္ပဏီဝင်းအတွင်း(၄၀x၂၀)ပေ သွပ်မိုးပျဉ်ကာတစ်ထပ်အဆောက်
အဦး ၁ လုံး၊ (၁၅x၁၀)ပေ သက္ကယ်မိုးအလုပ်သမားတဲ ၂၀ လုံး၊ လုပ်ငန်း သုံးဝါယာပိုက်ခွေ သိုလှောင်
သည့် (၂၀x၉)ပေ သွပ်မိုးထရံကာ ဂိုထောင် ၃ လုံး(အလွတ် ၂ လုံး)၊ ခြောက်လုံးထိုးမီးစက် ၂ လုံး၊
လေပေးစက် အကြီး ၂ လုံး၊ ဓါတ်ဆီမီးစက် ၁ လုံး၊ ၃၂ လက်မ ဖလက်တီဗွီ ၁ လုံး၊ ၈ ပေ စလောင်း ၁
လုံး၊ အင်တာနက်တပ်ဆင်ထားသည့် စကိုင်းနက်စလောင်း ၁ လုံး၊ လူမနေသည့် ၁၀ ပေ ပတ်လည်
သက္ကယ်မိုးတဲ ၁ လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်သည့်နေရာသို့ ကွင်း(၃၀)ရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ ကွင်း(၃၀)အရန် မီးသတ်တပ်ဖွဲ့
ဝင်များ၊ ကုမ္ပဏီမှ ၀န်ထမ်းများ၊ ကျေးရွာသူ/သားများမှ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၇၅၀ အချိန် မီးငြိမ်းသွားကြောင်း၊ လူပျောက်ဆုံးထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုကြောင့် စုစုပေါင်း
တန်ဘိုးငွေ ကျပ်သိန်း ၁၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဆိုင်ကယ်က တံတားသံဘောင်အား ၀င်တိုက်ရာမှ သေဆုံး
နေပြည်တော်၊ မတ် ၁၇
၁၆-၃-၂၀၁၃ရက်နေ့ ၀၁၃၀အချိန် နေပြည်တော်ပျဉ်းမနားမြို့ မြင်းရတနာမီးပွိုင့်ဘက်မှငလိုက်ချောင်း
တံတားဘက်သို့ ရန်-မန်းကားလမ်းအတိုင်း ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်နေ ကျော်လွင်လွင်ထက်
(၂၂)နှစ် စီးနင်းလာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားသံဘောင် အား ၀င်ရောက်
တိုက်မိခဲ့သည်။
ထိုသို့တိုက်မိသဖြင့် ကျော်လွင်လွင်ထက်တွင် မျက်ခုံးကွဲ၊ ၀ဲ/ယာနား သွေးထွက်၊ နှာခေါင်းကွဲအက်
ဒဏ်ရာနှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့၍ အလောင်းအား ပျဉ်းမနားကုတင်(၁၀၀)ဆေးရုံသို့ ပို့အပ်ပြီး ပျဉ်းမနားရဲစခန်း ယာဉ်(ပ)၆/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်၍ ၁ ဦးသေ ၁၇ ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ မတ် ၁၇
၁၆-၃-၂၀၁၃ ရက်နေ့ ၀၉၄၀ အချိန် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရား (၃)မိုင်အ၀င်လမ်း လှေတင်ကျောက်တန်းကုန်းအဆင်းတွင် နတ်မောက်မြို့မှ ရွှေစက်တော်ဘုရား
ပွဲသို့ ဘုရားဖူးလာသည့် နတ်မောက်မြို့နယ်၊ တံခွန်တိုင်ရွာနေ တင့်လှိုင်စိုး (၂၁)နှစ် မောင်းနှင်ပြီး
ခရီးသည် (၃)ဦးလိုက်ပါလာသည့် ဗ/xxxx ဒိုင်နာအဖြူရောင်ယာဉ်သည် ဘရိတ်ပေါက်၍ လမ်း၏
ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်မိုးပေါ်မှ စီးနင်းလိုက်ပါလာသူ နတ်မောက်မြို့နေ ငြိမ်းထွေး
(၄၅)နှစ်မှာ ယာဉ်ပေါ်မှ လွင့်စင်၍ ရွှေစက်တော်မှ ကျောက်ပန်းတောင်းမြို့သို့ မြတ်ကို (၃၁)နှစ်
မောင်းနှင်သည့် ၈ဏ/xxxx ယာဉ်၏နောက်တွင်ချိတ်၍ပါသွားကာ ဖူးယောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ
များရရှိသေဆုံးသွားခဲ့ပြီးခရီးသည်များအနက် ကျား ၁၀ဦး၊မ ၇ဦး စုစုပေါင်း ၁၇ဦး တို့မှာ ဖူးယောင်
ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိသဖြင့် မင်းဘူးမြို့နယ်ဆေးရုံသို့ အတွင်းလူနာများ အဖြစ်
တင်ပို့ကုသခဲ့သည်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ တင်လှိုင်စိုးအား စကုရဲစခန်း(ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/
၃၃၈ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မိုးပျံပူဖောင်းပြုလုပ်ရာမှ ဂတ်စ်အိုးပွင့်ထွက်၍ ဒဏ်ရာရရှိ
နေပြည်တော်၊ မတ် ၁၇
၁၆-၃-၂၀၁၃ ရက်နေ့ ၀၇၄၀ အချိန် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ၀က်ကြီးအင်းရပ်နေ
အောင်တိုးလွင် (၄၅)နှစ် နှင့် မချိုတို့သည် မိုးပျံပူဖောင်းပြုလုပ်ရာတွင် ဟိုက်ဒရို ဂျင်ဓါတ်ငွေ့ရရှိ
ရန် ဂက်စ်အိုးအတွင်း ငရဲမီးနှင့်သွပ်စများရောစပ်ပြီး ပြုလုပ်ရာမှ အချိုးအစားမညီဘဲ ဂတ်စ်အိုး
အောက်ပိုင်းပွင့်ထွက်မှု ဖြစ်ပွားခဲ့သည်။
ဂတ်စ်အိုးပွင့်ထွက်မှုကြောင့် အောင်တိုးလွင်တွင် ၀ဲ/ယာခြေသလုံးပွန်းပဲ့၊ ယာလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာနှင့် မချိုတွင် ယာခြေသလုံးနှင့် ၀ဲခြေသလုံးတို့တွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ
ရရှိသဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ တင်ပို့ပြီး ညောင်ဦးရဲစခန်း (ပ)၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၆
ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
တူမီးသေနတ်ဖြင့် မိမိကိုယ်ကိုသတ်သေ
နေပြည်တော်၊ မတ် ၁၇
၁၅-၃-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ၀ဲကြီးကျေးရွာနေ စိုးအောင်
(၁၉)နှစ်သည် ၎င်း၏ဦးလေးဖြစ်သူ ရွှေပို၊ သူငယ်ချင်းများနှင့်အတူအရက်သောက်စားပြီးအရက်မူး
သောအခါ စိတ်ညစ်ကြောင်းပြောပြီး နေအိမ်သို့ ပြန်သွားခဲ့သည်။
၎င်းနောက် မိခင်ဖြစ်သူမှာ ဈေးမှပြန်လာရာ စိုးအောင်အား နေအိမ်အိပ်ယာပေါ်တွင် မျက်ခုံး(၂)ခု
ကြား နဖူးမှနောက်စေ့သို့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ၀ဲဘက်လက်ထဲတွင် တူမီးသေနတ်အား
ဆုပ်ကိုင်လျက် ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ သေဆုံးသူ စိုးအောင်သည် အရက်မူးပါက စိတ်ဂနာမငြိမ် ဖြစ်တတ်
ကြောင်း၊ တူမီးသေနတ်မှာ စိုးအောင်အမဲလိုက်စဉ် ကိုင်ဆောင်သော သေနတ်ဖြစ်ကြောင်း သိရှိရသ
ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဆင်ဘိုရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃
ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ယာဉ်အားရပ်တန့်စစ်ဆေးစဉ် သေနက်ဖြင့်ပစ်ခတ်ထွက်ပြေးသွားသူအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
၁၅-၃-၂ဝ၁၃ရက်နေ့ ဝ၈၄၅ အချိန် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ ဆိုက်ခေါင်ပူးပေါင်း စစ်ဆေးရေးဂိတ်
၌ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် တာချီလိတ်မှ မိုင်းဆတ်သို့ မိုင်းဆတ်မြို့နယ်၊ ကျဒယ်ရပ်ကွက်နေ ကျကျိုး(၃၅)နှစ်မောင်းနှင်ပြီး မိုင်းဆတ်မြို့နယ်၊ ဘာထန်ရွာနေ ပါရှဲ(၄၅)နှစ်စီးနင်း
လိုက်ပါလာသည့် ၄ခ/××××ဟွန်ဒါဖစ်အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေး
စဉ် ကျကျိုးက ၎င်း၏ခါးကြားတွင်ပါရှိသည့် ဟန်ဂေရီနိုင်ငံလုပ် ပရောင်းနင်း ၃၂ ပစ္စတို သေနက်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သောကြောင့် မူးယစ်(အထူး)အဖွဲ့မှအရာရှိဖြစ်သူတွင် ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာရရှိခဲ့
သည်။
ထိုသို့ပစ်ခတ်ပြီး ကျကျိုးမှာ ယာဉ်ပေါ်မှခုန်ဆင်း၍ ဆိုက်ခေါင်ရွာဘက်သို့ ထွက်ပြေးသွားသဖြင့် ရဲတပ်
ဖွဲ့ဝင်များနှင့်နယ်မြေခံတပ်မှတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် ကျကျိုးသည် ဆိုက်ခေါင်ရွာအတွင်း၊ တန့်ဆိုင်ရွာလမ်းခွဲအရောက် လူတစ်ဦးစီးနင်းလာသောဆိုင်ကယ်အား သေနက်ပြ ခြိမ်းခြောက်ရယူပြီး တန့်ဆိုင်ရွာဘက်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးခဲ့ပြီး ဆိုက်ခေါင်ရွာအထွက် တံတားအနီးသို့အ
ရောက်တွင် ဆိုင်ကယ်တိမ်းမှောက်သွား၍ ကျကျိုးအား ဖမ်းဆီးရမိခဲ့သည်။
သတင်းအပြည့်အစုံအား http://www.myanmarpoliceforce.org/index.php?option=com_content&view=article&id=464%3A2013-03-16-06-38-04&catid=105%3A2012-09-01-12-36-14&Itemid=680 တွင်သွားရောက်ဖတ်ရူနိုင်ပါသည်။
ဆိုင်ကယ်နှင့်ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး
နေပြည်တော်၊ မတ် ၁၆
၁၅-၃-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ v-4 လမ်းတွင် ယာဉ်တိုက်မှု
ဖြစ်ပွားကြောင်းသတင်းအရ ပေါက်တောရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။စစ်ဆေး
ချက် အရ ရွှေနံ့သာရပ်ကွက်မှ ဒက်္ခိဏသီရိမြို့နယ်၊ မကျီးကုန်းရွာနေ ထွန်းမြင့်(၅၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မစန်း(၃၆)နှစ်နှင့် ဂွေးတောက်ရိုးကျေးရွာနေ ဦးသန်းဝင်း (၅၀)နှစ်တို့ စီးနင်းလိုက်ပါ
လာသည့် ၁၂ယ/xxxxဆိုင်ကယ်သည်မကျီးကုန်းရွာသွားလမ်းခွဲဘက်သို့ကွေ့ဝင်ရန် ယာဘက်ချိုးကွေ့
မောင်းနှင်စဉ် နောက်မှလိုက်ပါလာသည့် လယ်ဝေးမြို့နယ်၊ ဘုရားလမ်း(၃)ရပ်ကွက်နေ စိုးလွင်(၄၇)
နှစ် မောင်းနှင်လာသော ၉ဌ/xxxxဖောယာဉ်မှ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ယာဉ်တိုက်မှုကြောင့် ဦးသန်းဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး မစန်းမှာ မေးစေ့ကွဲ၊ ယာ
ခြေသလုံးစုတ်ပြဲဒဏ်ရာနှင့် ထွန်းမြင့်တွင် ယာဘက်ဒူး စုတ်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း စိုး
လွင်နှင့် ထွန်းမြင့်တို့နှစ်ဦးအား ပေါက်တောရဲစခန်း ယာဉ်(ပ)၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈
/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အမျိုးသမီး ၁ ဦး ရထားတိုက်မိ သေဆုံး
နေပြည်တော်၊ မတ် ၁၆
၁၅-၃-၂၀၁၃ရက်နေ့ ၀၇၂၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာတော်ဘူတာနှင့် ပျဉ်းမနားဘူ
တာကြား မိုင်တိုင်အမှတ်(၂၂၆/၁-၂)ကြားတွင် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် ရထားသည် ရထားလမ်းဖြတ်ကူးသူအမျိုးသမီး ၁ ဦးအား ရထားစက်ခေါင်းဖြင့်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် ရထားလုံ
ခြုံရေးလိုက်ပါလာသော ပြည်ရထားရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ရထားတိုက်ခံရသူမှာ အသက်(၇၅)နှစ်ခန့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ရထားတိုက်မိ
မှုကြောင့် ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများ
ရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ ၀၈၀၅ အချိန်တွင် သေဆုံး
သွားသဖြင့် ပျဉ်းမနားရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိသည်။
မူရင်းစာမျက်နှာ https://www.facebook.com/pages/%E1%80%9B%
Read more: http://www.simon-vlog.com/2013/03/facebook_1442.html#ixzz2Nrq9Bfzo
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား