ရုပ်အဆင်းလှလျှင် ကောင်းပါ သည်။ အရည်အချင်းပါရှိလျှင် ပို၍ ကောင်းပါသည်။
ရှေးအခါက မိန်း ကလေး၏ အားသည် ရုပ်အဆင်း၊ ယောက်ျားလေး၏အားသည် အရည် အချင်းဟု
အဆိုရှိခဲ့သည်။ ယနေ့ခေတ် တွင် မိန်းကလေးများသည်လည်း ယောက်ျားလေးများနှင့်
အစစအရာရာ ရင်ဘောင်တန်းနေကြပြီဖြစ်ရာ ရုပ် အဆင်းကို တန်ဖိုးထားကြသေးသော်
လည်း အရည်အချင်းရှိဖို့လည်း ကြိုးစား လာကြပြီဖြစ်သည်။ ဤသို့ဆိုလျှင်
ယောက်ျားလေးများအနေဖြင့် အရည် အချင်းရှိသထက်ရှိရန် ပို၍ ကြိုးစားကြ
ရန်ပင်ဖြစ်တော့သည်။
ဘ၀၏တိုးတက်ရာ တိုးတက်ကြောင်း တွင် ကျား/မဟူ၍ မရွေး အရည်အချင်း ရှိရန်
အထူးပင်လိုအပ်လာသည်။ မြန်မာ နိုင်ငံ၏ Miss Universe ပြိုင်ပွဲမှာပင်လျှင်
ရုပ်ရည်နှင့် ခန္တာကိုယ်အချိုးအစားပြေ ပြစ်ရုံတွင်သာမက သုခုမအတတ်ပညာ၊
အတွေးအခေါ်၊ အင်္ဂလိပ်စာကျွမ်းကျင်မှု စသော အရည်အချင်းများကိုပါ စိစစ်
လာပြီဖြစ်သည်။
တင်ပြလိုသည်မှာ အရည်အချင်း ရှိဖို့ကပို၍ အရေးကြီးသည်။ ရုပ်အဆင်း ကလည်း
မလိုအပ်မဟုတ်၊ လိုအပ်သည်။ ယောက်ျားများအတွက်မူ တောင်းမှား အကွပ်၊
လူမှာအ၀တ်ဆိုသကဲ့သို့ လူရို သေ၊ ရှင်ရိုသေ သပ်သပ်ယပ်ယပ် ၀တ် စားရန်တော့
လိုအပ်သည်။ သို့သော် ဤခေတ်တွင် ရုပ်ချည်းသက်သက် လှနေရုံမျှဖြင့်တော့
မကိုက်တော့ပါ။ ဥရောပနိုင်ငံများ၏ ဟာသတစ်ခုတွင် ယောက်ျားများသည်
ရွှေရောင်ဆံပင်နှင့် မိန်းကလေးများကို ပို၍ နှစ်သက်ကြ သည်။
အဘယ်ကြောင့်ဆိုသော် လှပ သော ရွှေရောင်ဆံပင်၏ အောက်တွင်
ဦးနှောက်ပါမလာသောကြောင့် ပိုမို လှည့်စား၍ ရသဖြင့် ဖြစ်သည်ဟူဆို။
ယနေ့သတင်းစာများတွင် ဘတ် ဂျက်ခွဲဝေမှုသတင်းများ ဆက်တိုက်ဆို သလို
ပါရှိနေသည်။ ပညာရေးဘတ်ဂျက် နှင့်ပတ်သက်၍ ကျောင်းဥပဓိရုပ်များကို
ပြင်ဆင်မည်ဟု သတင်းစာများတွင် ဖတ် ရသည်။ ဥပဓိရုပ်ကို ပြင်ဆင်ရန် မလို
အပ်သည်မဟုတ်၊ လိုအပ်သောကျောင်း များစွာရှိသည်။ သို့သော် ကျောင်း
အဆောက်အအုံတစ်ခု၏ မူလပထမ တာဝန်မှာ ဆရာနှင့် ကျောင်းသားကို ရာသီဥတုဒဏ်မှ
လုံခြုံစေရမည်။ ကျန်း မာရေးအတွက် လေ၀င်လေထွက်ကောင်း မွန်ရမည်။ ကလေးများ
မျက်စေ့မပျက် စေရန် အလင်းရောင်ကောင်းစွာရရှိရ မည်။ ဒုတိယအဆင့်အနေဖြင့် ဆရာ၊
ကျောင်းသား၊ ကုလားထိုင်၊ စားပွဲ လောက်ငရမည်။ ကြပ်သိပ်မနေရ၊
စာသင်ခန်းလောက်ငရမည်။ သောက် ရေ၊ သုံးရေ၊ အိမ်သာလောက်င၊ သန့်ရှင်း ရမည်။
တတိယအဆင့်တွင် ကိုယ်လက် လှုပ်ရှားရန် အားကစားကွင်းရှိရမည်။
လွန်ခဲ့သော အနှစ် ၂၀ က စတင် ပုံစံသွင်းပေးခဲ့သော အစွဲအလန်းအရ
ဥပဓိရုပ်ကောင်းရမည်ဆိုပြီး အုတ်တိုက် အဆောက်အအုံကြီးများ ဆောက်ကြ သည်။
ကန်ထရိုက်၏ စေတနာအပေါ် မူတည်၍ အဆောက်အအုံမခိုင်ပါ၊ ရေ၊ မီး၊ မိလ္လာစနစ်
မကောင်း၊ အချို့ရေအိမ် များမပါ၊ ကျောင်းအုပ်ကြီးများကလည်း အုတ်အဆောက်အအုံ၏
အုတ်၊ ဘိလပ် မြေ၊ သဲ ရောစပ်မှုကို နားမလည်၊ မစစ် ဆေးတတ်၊ အုတ်ကျောင်းကြီးကို
ကျောင်းခြံစည်းရိုး၏ ပြင်ပမှ လက်ညှိုး ထိုးပြပြီး ကြွားဝါ၍တော့
အလွန်ကောင်း သည်။ ကျောင်းအဆောက်အအုံဆိုသည် မှာ ဆရာနှင့် ကျောင်းသား သက်သာ
ချောင်ချိစွာ စာသင်ကြားနိုင်ရန် အဓိက ဖြစ်သည်။ ပြစား၍ ကြွားရန် သက်သက်
အတွက်မဖြစ်သင့်။
ယခင်အစိုးရလက်ထက်က နွားတင်း ကုတ်သာသာအဆင့်သာရှိသည့် ကျောင်း
အဆောက်အအုံများဟူ၍ အတန်းအစား တစ်ခုမှတ်ပုံတင်သတ်မှတ်ထားပါသည်။
နိုင်ငံအနှံ့ရှိ ရွာများတွင်ရှိပါသည်။ ရွှံ့နှင့် ကောက်ရိုးမံ၍
ဆောက်လုပ်ထားပြီး သစ်သားထင်းပိတ်တံခါး၊ ပြတင်းပေါက် များ တပ်ဆင်ထားသည်။
လျှပ်စစ်နတိ္တ၊ မီးမရှိ၊ မိုးရွာ၊ လေတိုက်သဖြင့် ပြူတင်း တံခါးများ
ပိတ်လိုက်လျှင် အခန်းစေ့ လှောင်နေပြီး ခလုတ်မတိုက်အောင် လက်နှင့်စမ်း၍
လမ်းလျှောက်ရသည်။ ကျောင်းဆင်း၍ တံခါးများပွင့်နေပါက နွားများဝင်ပြီး
မိုးခိုသည်။
ကမ်းရိုးတန်းဒေသများကျတော့ လွန်ခဲ့သည့် ၁၅ နှစ်၊ အနှစ် ၂၀ က
ဆောက်လုပ်ခဲ့သည့် သွပ်မိုး၊ ပျဉ်ကာ ကျောင်းများသည် ကာလရွေ့လျော ဆွေး မြေ့ကာ
အမိုးသွပ်တစ်ဝက်ကို အုန်းလက် ဖြင့် ဖာသည့်နေရာက ဖာ။ ပျဉ်နံရံနှင့်
ဖျာနံရံရောသမမွှေသော အကာအရံ များနှင့် ဖြစ်နေတတ်ပါသည်။ ဤကဲ့သို့ သော
ကျေးရွာမူလတန်းကျောင်း၊ မူ လွန်ကျောင်းများစွာရာဂဏန်းဖြင့် တစ်
နိုင်ငံလုံးတွင်ရှိသည်။ ဤကျောင်းများကို အုတ်ကျောင်း၊ အာစီကျောင်းများဖြင့်
အစားထိုးနေပါက ဘတ်ဂျက်မလောက် နိုင်ပေ။
ပညာရေးတွင် စံပြုသတ်မှတ်ထား သော ၀ါးဖျာထရံကာ၊ သွပ်မိုး ၇၅ သိန်း
တန်တစ်ထပ်ကျောင်း၊ သိန်း ၅၀ တန် တစ်ထပ်ကျောင်းများရှိသည်။ လွန်ခဲ့ သော
နှစ်နှစ်ကျော်က ဈေးနှုန်းဖြစ် သဖြင့် ယခု ၇၅ သိန်းနှင့် သိန်း ၁၀၀
ဝန်းကျင်များဖြစ်လောက်နေပြီ။ ထို ကျောင်းပုံစံများသည် ပညာရေးစံချိန်
စံညွှန်းများအတိုင်း အလျား၊ အနံ၊ အမြင့် များကို တွက်ချက်ထားခြင်းဖြစ်သည်။
အမြင်လှအောင် အုတ်ဖြင့် ဟိန်း နေအောင် ဆောက်ထားသည့် မူလတန်း၊
မူလွန်ကျောင်းများကို ထဲထဲဝင်ဝင် လေ့ လာလျှင် မြေဖြူခဲကို ကျောင်းက
အိတ်စိုက်ဝယ်နေရသည်များရှိသည်။ ရောင်စုံမြေဖြူခဲဆိုသည်မှာ အချို့
ကျောင်းများတွင်မရှိပါ။ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ ဓာတုဗေဒ၊ ရူပဗေဒ၊
ဇီဝဗေဒ လက်တွေ့လေ့ကျင့် ရန် ပစ္စည်းရှားသည်။ ကျကွဲသွားလျှင်
ဖန်ပုလင်းများအစားထိုးပြန်ရရန် စသဖြင့် ကလေးများကိုယ်တိုင် လေ့ကျင့်ရန်
အခွင့် အရေးနည်းလွန်းသည်။ လက်တွေ့လေ့ ကျင့်ခန်းများ မရှိသလောက်ပင်။
ကျောင်းတစ်ကျောင်း၏ နေ့စဉ် လိုအပ်ချက်များဖြစ်သော သောက်ရေ သန့်၊
သောက်ရေအိုး၊ ရေခွက်၊ တံပျက် စည်း၊ အမှိုက်ဂေါ်၊ အမှိုက်ပုံး၊ ခြင်ဆေး၊
ရေအိမ်ဖြန်း ဖနီးဆေးရည်တို့ကို ကျောင်းအုပ်၏ အစီအမံဖြင့် ၀ယ်နေရ သည်။
စီမံခန့်ခွဲမှုလိုအပ်လျှင် အတိုင်ခံ ရ၍ ကျောင်းအုပ်၊ အတန်းပိုင်ဆရာ
အမှုဖြစ်ရသည်။ ပညာရေးမှ သတ်မှတ် ထားသော သိန်း ၁၀၀ ၀န်းကျင်
အဆောင်များဖြင့်သာ အစားထိုးလိုက် လျှင် ကျောင်းများ၏ အခြားလိုအပ်
ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဘတ်ဂျက် ပိုလျံလာမည်။ ကလေးများ အတွက်
ပို၍ အကျိုးရှိမည်။
ကျောင်းဥပဓိရုပ်ဆိုသည်မှာ အဆင်းဖြစ်သည်။ အချင်းမဟုတ်ပေ။
ကျောင်းကြီးလှပထည်ဝါခန့်ငြားပြီး ကလေးများစာမတတ်လျှင် အဓိပ္ပာယ် မရှိပေ။
စာတစ်ကယ်တတ်အောင် သင် ရန်မှာလည်း ဆရာ၊ ဆရာမများ စိတ်
ဓာတ်တက်ကြွနေမှရမည့်ကိစ္စဖြစ်သည်။ ဥပမာတစ်ခုပေးပါမည်။ ၁၉၆၀ မပြည့်
မီနှစ်များကဖြစ်သည်။ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအနီးတွင် A.V ကောလိပ်
အမည်တွင်သည့် ဆရာကြီးဦးစိန်တည် ထောင်ထားသော အထက်တန်းကျောင်း
တစ်ကျောင်းရှိသည်။ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူဟောင်းများ
ရှိနေကြဦးမည်ထင်သည်။
သွပ်မိုး၊ ပျဉ်ကာကျောင်းဖြစ်သည်။ ကျောင်းနှင့်ကပ်လျက်တွင် ယက်ကန်း
ရုံတစ်ရုံရှိသောကြောင့် ဆူညံနေသဖြင့် ကျောင်းကို သူ့ဘက်တွင်သာ ဖွင့်သည်။
ညကျောင်းဟူ၍ပင် ဆိုရနိုင်သည်။ အလယ်တန်းနှင့်အထက်တန်းသာရှိ သည်။
မူလတန်းမရှိပါ။ သာသနာပြု ကျောင်းများနှင့်အပြိုင် အောင်ချက် ကောင်းလှသည်။
ကျောင်းအဆောက် အအုံကိုကြည့်လျှင် အထင်ကြီးစရာမရှိ ပေ။ မြန်မာလူမျိုး ဆရာ၊
ဆရာမများ သာ ဖြစ်သော်လည်း ဆရာစိတ်ပြင်းထန် ပြီး အသင်အပြနာမည်ကြီးလှသည်။
တင်ပြလိုသည်မှာ ပညာရေးတိုးတက်ရန် အတွက် ကျောင်းဥပဓိရုပ်သည် ဦးစား
ပေးတစ်မဟုတ်ပါ။
ပညာရေး၏ စံပြုကျောင်းပုံစံ၊ သိန်း ၁၀၀ ၀န်းကျင်တစ်ထပ်ကျောင်းများကို
သာအသုံးပြုလျှင် ပိုလျှံလာသော ဘတ် ဂျက်ကို အခြားနေရာများတွင် သုံးစွဲနိုင်
သည်။ သာဓကတစ်ခုအနေဖြင့် ဝေးလံ ခေါင်ဆီသော တောင်တန်းဒေသများ တွင် တာဝန်ကျသော
ဆရာ၊ ဆရာမ များသည် မော်တော်ယာဉ်ပေါက်သည့် နောက်ဆုံးနေရာမှ
ကျောင်းရှိရာအရပ် အထိ ခြေလျှင်ခရီး သုံးညအိပ်၊ လေးည အိပ်တက်ရသည်။
ကျောင်းဖွင့်ရာသီ မိုးဦးကျတွင် မိုးရွာထဲ၌ ရွံ့ဗွက်ရုန်း၍ တက်ရသည်။ မိမိ၏
အ၀တ်အစား သေတ္တာကို အထမ်းသမားငှား၍ သယ် ရသည်။ အထမ်းခ သုံးလေးသောင်းကျ သည်။
အထက်ခရီးအတွက် မိဘ၊ ဆွေ မျိုးထံမှ အထမ်းသမားခ တောင်းသွား ရသည်။
လာမည့်နွေရာသီကျောင်းပိတ် ရက်အပြန်ခရီးနှင့် နောင်နှစ်ပြန်အတက် ခရီးအတွက်
တစ်နှစ်ပတ်လုံး အထမ်း သမားခငွေစုရသည်။ မသုံးနိုင်၊ သီတင်း ကျွတ်နှင့်
ခရစ္စမတ်ကျောင်းပိတ်ရက်များ တွင် အထမ်းသမားခ မတတ်နိုင်၍ အိမ် မပြန်နိုင်။
ဤကိစ္စကိုသာ ပညာရေးဘတ် ဂျက်မှ ခေါင်းစဉ်တစ်ခုသတ်မှတ်ပြီး နှုန်း
ထားတစ်ခုသတ်မှတ်ပေးလိုက်လျှင် ဆရာ၊ ဆရာမများအတွက် မည်မျှ အဆင်ပြေ၍ မည်မျှ
စိတ်ဓာတ်တတ် သွားကြမည်လည်း။ ဆရာ၊ ဆရာမ စိတ် ဓာတ်တက်ကြွမှလည်း သင်ကြားမှု
အရည်အသွေးတက်မည်။
ကျောင်းဥပဓိရုပ်ယိုယွင်းလာရသည့် အကြောင်းရပ်ခံတစ်ခုကလည်း အသက်
ငယ်သောဆရာမလေးများအနေဖြင့် ဒေသအာဏာပိုင်အထူးသဖြင့် ငြိမ်းချမ်း ရေးနယ်မြေမှ
ဒေသအာဏာပိုင်ကို ကျောင်း၏ လိုအပ်ချက်ကို မတင်ပြ၀ံ့
သည်ကလည်းတစ်ကြောင်းဖြစ်သည်။ ယောက်ျားဆရာများကို တာဝန်ချထား ရာတွင်လည်း
သားကွဲ၊ မယားကွဲဖြင့် တစ်မေ့တစ်မောထားလိုက်ရာ ဆရာ လည်း စိတ်ဓာတ်ကျပြီး
အရက်သမား ဖြစ်ခါ ကျောင်းလုပ်ငန်းများကို စိတ် မ၀င်စားတော့ခြင်းလည်းပါသည်။
အချိန် သတ်မှတ်၍ တာဝန်လှဲလှယ်ပေးလျှင် စိတ်ဓာတ်များ ကောင်းမွန်လာပြီး
ကျောင်းများ၌ အဆင်းရော အချင်းပါ တိုးတက်လာမည်။
ယခုဆောင်းပါးတွင် အခြေခံပညာ ကျောင်းများအကြောင်းကိုသာ တင်ပြခဲ့ သည်။
အဆင့်မြင့်ပညာနှင့်ပတ်သက်၍ အလျဉ်းသင့်လျှင် ဆက်လက်တင်ပြပါ မည်။
ပညာရေးနှင့်ပတ်သက်၍ ဆွေးနွေး လိုက်ကြပြီဆိုလျှင် ဥပဓိရုပ်ခေါင်းစဉ်က
အဓိကလိုဖြစ်လာတတ်ပါတယ်။ အမှန် မှာ ပညာရေးတွင် ဥပဓိရုပ်အဆင်းထက်
ပိုမိုဆွေးနွေးသင့်သော အချင်းကိစ္စများ ရှိပါသည်။ လွှတ်တော်တွင် ထောင့်စေ့
အောင် ဆွေးနွေးနိုင်ကြပါစေဟု ဆုတောင်းပဓာနပြုလိုက်ပါသည်။
http://www.hotnewsweekly.com
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား