img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 20, 2013

၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာအတွက် ဝန်ကြီးဌာနတွေကို အဆင့်မြှင့်တင်မည်

Author: 
နှင်းရတနာဇော်
ရန်ကုန်၊ မတ် ၁၆ - မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူတဲ့အချိန် နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ အဆင်ပြေစေဖို့အတွက် အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေကို အဆင့်မြှင့်တင်မှု ဆောင်ရွက်သွားမယ်လို့ သိရတယ်။
ဝန်ကြီးဌာနတွေကို ဂျာမနီ၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူတဲ့အခါမှာ အဆင်ပြေစေဖို့ အကူအညီတွေ ပေးသွား မှာဖြစ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့ကလည်း ဝန်ကြီးဌာနတွေကို capacity building ဆိုင်ရာ အဆင်မြှင့်တင်မှုတွေကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

'၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူမယ်ဆိုရင် လက်ရှိဝန်ကြီးဌာနအသီးသီးက ပြည်တွင်းနဲ့ပဲ လုပ်ငန်းဆောင်ရွက်လို့ မရတော့ပါဘူး၊ ဒီလိုအခြေအနေမှာ တခြားနိုင်ငံတွေနဲ့ ဆက်ဆံနိုင်ဖို့ အဓိက လိုအပ်ချက်က ကိုယ့်နိုင်ငံ အသစ်ပြောင်းလဲလိုက်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဥပဒေတွေကို သေသေချာချာနားလည်ဖို့နဲ့ ဘာသာစကားဆိုင်ရာ အဆင့်မြှင့်တင်ဖို့ ဖြစ်ပါတယ်˘လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့အတွက် ပြည်ပလုပ်ငန်းတွေက လာရောက်တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံဘက်က လိုအပ်တာက သက်ဆိုင်ရာဌာနတွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို နားလည်သဘောပေါက်မှု အားနည်းနေတာနဲ့ ဘာသာစကား အခက်အခဲတွေ ဖြစ်ပါတယ်။
'ဒါကတော့ capacity building problem လို့ပဲ ထင်ပါတယ်၊ အပြောင်းအလဲကာလမှာ အကုန်လုံးက ရှေ့ကပြောင်းလဲသွားတာကို အမီလိုက်နေကြရတာပါ၊ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့လဲ ဝန်ကြီးဌာနအသီးသီးကို ဝန်ထမ်းတွေ အဆင့်မြှင့်တင်ဖို့ လေ့ကျင့်မှုတွေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံရာမှာ လိုအပ်မယ့် အတွေ့အကြုံဆွေးနွေးပွဲတွေကို ပြုလုပ်သွားဖို့ရှိပါတယ်˘ လို့ နိုင်ငံတော်သမ္မတရုံး
 http://www.kumudrajournal.com

http://www.kumudrajournal.comညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား