img.emoticon { padding: 0; margin: 0; border: 0; }

Saturday, March 23, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍) မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်


မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ ပြန်လည်တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက် ဧရာဝတီဘဏ် ၀န်းကျင်နှင့် မြို့နေရာအချို့တွင် တပ်မတော်မှ လုံခြုံရေး ယူပေးထားသည်ကို တွေ့ရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မီးလောင်ကျွမ်းမှုများ မရှိတော့ကြောင်းနှင့် မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နေရာအချို့တွင် မီးလောင်သေဆုံးနေသော လူသေအလောင်း ၁၀ လောင်းဝန်းကျင် တွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။



အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များကို အမှတ် (၁) ရဲစခန်းဝင်းအတွင်းနှင့် မိထ္တီလာခရိုင် အားကစားကွင်း အတွင်းတို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားပြီး အ၀တ်အထည်၊ အစားအစာနှင့် အခြားအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

အမှတ်(၁) ရဲစခန်းဝင်းအတွင်းနှင့် မိထ္တီလာခရိုင် အားကစားကွင်း အတွင်းရှိ အစ္စလာမ်ဘာသာဝင် အရေအတွက်အား စာရင်းကောက်ယူနေဆဲဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်ရှိနိုင်ကြောင်း လက်ရှိ ခန့်မှန်းထားကာ ယင်းကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများသည် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်၊ ပြည်သာယာရပ်ကွက်နှင့် ချမ်းအေးရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များမှာ ၎င်းတို့၏ နေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့်အတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံတွင် ခိုလှုံလျက်ရှိကြောင်းနှင့် အချို့မှာမူ နေအိမ်မီးလောင်ခြင်း မရှိသော်လည်း လုံခြုံရေးအတွက် နေအိမ်များကို စွန့်ခွာခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://www.facebook.com/ElevenMediaGroup

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား