img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, February 26, 2013

စီးပွားရေးဆိုင်ရာ လက်ထောက်ဝန်ကြီးနဲ့ VOA

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆိုမှုတချို့လျှော့ပေါ့ပေး လိုက်ပေမယ့် အဂတိလိုက်စားမှုတွေ၊ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ တိုင်းရင်းသားဒသေတွေက ပဋိပက္ခတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရဆဲဖြစ်တာကြောင့် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးဖို့မဖြစ်နိုင်သေးဘူးလို့ စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခု အမေရိကန် ကုမ္မဏီကြီးတွေက မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှု အတွက် မြန်မာလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနိုင်တဲ့အခြေအနေအထိ တိုးတက်မှုတွေဖြစ်ထွန်းလာတာကို ကိုယ်တိုင်တွေ့နေရပြီလို့ မှတ်ချက်ချပါတယ်။ ဒေါ်ခင်စိုးဝင်းက စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား