ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်နေ့) တွင် ကျင်းပမည့်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် အောက်ပါ
အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
၁) နိုင်ငံတော်
သမ္မတထံမှ ပေးပို့သော ပြည်ထောင်စု ၀န်ကြီးများ အဖြစ် ခန့်အပ် တာဝန်
ပေးလိုခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်သို့
တင်ပြခြင်း။
၂) ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန် ပေးခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၃) ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်
ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်
အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။
၎) JICA မှ တရားဝင်
ဖွံ့ဖြိုးမှု အကူအညီ ချေးငွေ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းဝင်က ဖတ်ကြား ရှင်းလင်း တင်သွင်းခြင်း။
၅) သီလ၀ါ
အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အမျိုးသား
စီမံကိန်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ အသိပေး တင်ပြခြင်း။
၆)
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း
တစ်ရပ်လုံးကို ထပ်မံ ပြင်ဆင်သည့် အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်
ရယူခြင်း။
၇) လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် အချက်များနှင့် ပြင်ဆင်
ဖြည့်စွက်လိုသည့် အချက်များအား လွှတ်တော် ကိုယ်စားလှယ် သုံးဦးက
ဆွေးနွေးခြင်း။ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈) အင်တာနက်တွင်
ဖော်ပြ ပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above the Law ခေါင်းစဉ်ပါ
ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့်
စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ အသိပေး တင်ပြခြင်း။
လစ်လပ်လျက်ရှိသော ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်
နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ်
ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့်
နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို
ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန်
နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု
လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
https://www.facebook.com/ElevenMediaGroup
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား