img.emoticon {
padding: 0;
margin: 0;
border: 0;
}
မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရန် တာဝန် ပေးအပ်ခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၊ နေပြည်တော် ကောင်စီနှင့်
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
ဒေသဦးစီး အဖွဲ့များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ (က)
နှင့် (ဂ)တို့ အရ အမျိုးသား စီးပွားရေး တိုးတက် ဖွံ့ဖြိုးရေး အတွက်
ဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့် ပုဂ္ဂလိက စသည့် အင်အားစုများ၏ ပူးပေါင်း
ပါဝင်မှုကို ရယူ၍ ပြည်သူ တို့၏ လူမှု စီးပွားရေးနှင့် နေထိုင်မှု အဆင့်အတန်း
မြှင့်တင်ရေးကို ရှေးရှု ဆောင်ရွက်နိုင်ရန် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး
အထောက်အကူပြု ကော်မတီနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုး
တိုးတက်ရေး အထောက်အကူပြု ကော်မတီ များကို ဖွဲ့စည်း ဆောင်ရွက်သွားရန်
နိုင်ငံတော် သမ္မတရုံးက ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နေ့စွဲပါ
အမိန့်ကြော်ငြာစာ အမှတ် (၂၇/၂ဝ၁၃)ဖြင့် တာဝန်ပေး အပ်ခဲ့ သည်။
အဆိုပါ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီကို အနည်းဆုံး
ခုနစ်ဦးမှ အများဆုံး ကိုးဦးဖြင့် လည်းကောင်း၊ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီကို အနည်းဆုံး
ငါးဦးမှ အများဆုံး ခုနစ်ဦးဖြင့် လည်းကောင်း ဖွဲ့စည်းသွားမည်
ဖြစ်ကြောင်းနှင့် ယင်းဖွဲ့ စည်းမှုကို ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ မတိုင်မီ
အပြီး ဖွဲ့စည်း ရန် ဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/MyawadyNews
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား