ကာကွယ်ရေး ၀န်ကြီးဌာနက လာမည့် ဘဏ္ဍာရေး နှစ် ၏ ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ငွေကျပ် ဘီလီယံ တထောင်ကျော် တောင်းခံထား သည့် အနက်မှ စစ်လက်နက်၊ လေယာဉ်၊ သင်္ဘော များနှင့် တပ်မတော် စစ်ဘက် ဆိုင်ရာ စက်ရုံများ၏ စက်ကိရိယာများအတွက် ကျပ်ဘီလီယံ ၆၀၀ နီးပါး အသုံးပြု မည်ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းဇယား အရ သိရှိရသည်။
ကာကွယ်ရေး ၀န်ကြီး ဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ငွေကျပ် ၁၀၆၇ ဒသမ ၃၇ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းများအတွက် ငွေကျပ် ၄၉၂ ဒသမ ၉၈ ဘီလီယံ အသုံးပြုမည်ဖြစ်ကာ လက်နက်၊ လေယာဉ်၊ သင်္ဘောများအပါအ၀င် စက်ကိရိယာ ပစ္စည်းများဝယ်ယူရန်အတွက် ငွေကျပ် ၅၇၄ ဒသမ ၃၉ ဘီလီယံအသုံးပြုမည်ဖြစ်သည်။
ကာကွယ်ရေး ၀န်ကြီး ဌာန၏ ဆောက်လုပ်ရေး လုပ်ငန်းစီမံကိန်းများတွင် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့များအတွက် အုပ်ချုပ်မှု၊ လူနေထိုင်မှု၊ နည်းပညာဆိုင်ရာ အဆောက်အအုံများ တည်ဆောက် ရန်၊ တပ်တွင်းလမ်းများ ဖောက်လုပ်ရန်၊ ရေတပ်၏ မပြီးပြတ်သေးသော စီမံကိန်းများ ဆက်လက်ဆောင် ရွက်ရန်၊ တပ်မတော်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ စစ်တက္ကသိုလ်နှင့်ကျောင်းကြီ
စက်ကိရိယာပစ္စည်းများကဏ္ဍတွင် စစ်လက်နက်များအတွက် ငွေကျပ် ၉၆၂ ဒသမ ၉၃၅ သန်း၊ ယာဉ်နှင့် ပစ္စည်းများ အတွက် ငွေကျပ် ၂၆ ဒသမ ၂၆ ဘီလီယံ၊ သင်္ဘောများအတွက် ငွေကျပ် ၈၀ ဒသမ ၃ ဘီလီယံ၊ လေယာဉ် များအတွက် ငွေကျပ် ၁၇၂ ဒသမ ၇၉ ဘီလီယံ ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံအ တွက် ငွေကျပ် ၉၆ ဒသမ ၈၈ ဘီလီယံနှင့် အခြားစစ်ဘက်ဆိုင်ရာ မတည်ပစ္စည်းများအတွက် ငွေကျပ် ၁၆၈ ဒသမ ၀၃ ဘီလီယံ အပါအ၀င် စုစုပေါင်း ၅၇၄ ဒသမ ၃၉ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။
အဆိုပါ ငွေလုံးငွေရင်း အသုံးစရိတ်များတွင် လက်နက်များ၊ လေယာဉ်နှင့် သင်္ဘောများ ၀ယ်ယူရန် (သို့မဟုတ်) ၀ယ်ယူပြီး စက်လက်နက် ပစ္စည်းများကို ထိန်းသိမ်းရန် ဆိုသည်ကို တိကျစွာ ဖော်ပြထားခြင်း မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့
သို့သော် အဆိုပါအသုံးစရိတ်များမှာ ကာကွယ်ရေးဝန်ကြီးဌာန ၏ ငွေ လုံးငွေ ရင်း အသုံးစရိတ်များသာဖြစ်ပြီး တပ်မတော် အရာရှိများနှင့် စစ်သည်များအတွက် လစာ၊ ချီးမြှင့်ငွေနှင့် သာမန် အသုံး စရိတ်များ မပါဝင်သေး ဟု သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ လာမည့်ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် တောင်းခံမှုကို ဖြတ်တောက်ခြင်း မပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အရပ်သား လွှတ်တော်ကိုယ်စားလှယ် များကို မေတ္တာ ရပ်ခံ ထားကြောင်းလည်း သိရှိရသည်။
“တပ်က လူတွေက ပြောတာက တပ်အသုံးစရိတ်ဆိုတာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါတယ်။ မဖြတ် ပါနဲ့။ ဒီလောက်မှ မသုံးရင် နိုင်ငံနဲ့လူမျိုးလုံ ခြုံရေးအတွက် စိုးရိမ်ရမယ်ဆိုတာမျိုးတွေ ပြောတယ်။ ကာကွယ်ရေး ဌာနက အသုံးစရိတ်နဲ့ပတ်သက်လို့တော
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကာကွယ်ရေး ဌာန၏ အသုံးစရိတ် များကို လျော့ချခြင်းမပြုရန် ပြောဆိုသော်လည်း တရားဝင် မေတ္တာ ရပ်ခံခြင်း မျိုး မဟုတ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ် စားလှယ်အများစုက ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် ကို လျော့ချရေးကို တင်ပြဆွေးနွေးမှုမျိုး မရှိကြောင်း ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် အသုံးစရိတ်အဖြစ် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းနီးပါးရှိသည်ဟု
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား