img.emoticon {
padding: 0;
margin: 0;
border: 0;
}
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဦးစိုးပိုင်၊ ဝန်းသို မဲဆန္ဒနယ်၏ အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့် ယခင်ကဲ့သို့ လက်လုပ်လက်စား ရွှေတူးဖော် ခွင့်ပြုရန်... အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။ ဦးသိန်းလွင်၊ ချောက် မဲဆန္ဒနယ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၃ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးခင်မောင်သီ၊ လွိုင်လင် မဲဆန္ဒနယ်၏ မိုင်းပွန်ဒေသတွင် GSM မိုဘိုင်းဖုန်း တပ်ဆင်အသုံးပြုခွင့်ရရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးကျော်စိုးလေး၊ မိုးညှင်း မဲဆန္ဒနယ်(ကိုယ်စား)ဦးကျော်နိုင်ဌေး၊ အင်းတော် မဲဆန္ဒနယ်၏ မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ၌ CDMA နှင့် GSM မိုဘိုင်းဖုန်းများဆက်သွယ် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးဝင်းမြင့်၊ မြင်းခြံ မဲဆန္ဒနယ်၏ မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် အထူးလိုအပ်လျက်ရှိသော လူနာတင် မော်တော်ယာဉ်တစ်စီး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးအေး၊ ဟုမ္မလင်း မဲဆန္ဒနယ်၏ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြ ကျေးရွာ တိုက်နယ်ဆေးရုံ တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် ကောယားစံပြ ကျေးရွာ၊ မြင်သာစံပြကျေးရွာတို့အား ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းတို့ကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားမည်ဖြစ်သည်။ ထို့ပြင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော “သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်း ထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ အတည်ပြုရန် ပြည်သူ့လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်းကို ပြုလုပ်မည်ဖြစ်သည်။
ယနေ့ (ဖေဖော်ဝါရီလ ၄ရက်နေ့) တွင် ပြုလုပ်မည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင်
၁) ရွှေ့ပြောင်း လုပ်သားများနှင့် ဆိုင်သော မူဝါဒ ဥပဒေများ ရေးဆွဲထားခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သိလိုသည့် မေးခွန်း။
၂) ဒီမိုကရေစီ နိုင်ငံ ထူထောင်ရာတွင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တစ်ရပ် ဖြစ်ပေါ်ရေး အတွက် အုပ်ချုပ်ရေး အာဏာ ကိုင်တွယ် ကျင့်သုံးလျက် ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေဖြင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ တိကျစွာ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေ ချိုးဖောက်ကာ လုပ်ကိုင် ဆောင်ရွက် နေသည် များကိုလည်း ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ပါရန် အဆိုနှင့် နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် ဥပဒေ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်း နှင့် အညီ စစ်ဆေးခြင်း မပြုဘဲ တိုက်ရိုက် ထုတ်ပယ် မှုကြောင့် ၀န်ထမ်းများမှာ ဖြေရှင်းခွင့် မရသဖြင့် နစ်နာမှုများ ရှိနေ ပါ၍ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် အညီ စစ်ဆေး ဆောင်ရွက် ပေးပါရန် အဆိုကို ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်မှု အခြေအနေ များကို အမျိုးသား လွှတ်တော်သို့ တင်ပြခြင်း။
၃) လူငယ် ဗဟိုပြု အခြေခံ ပညာ အထက်တန်း ကျောင်းများတွင် ဒီမိုကရေစီ ကျင့်စဉ်များ လေ့ကျင့် ပျိုးထောင် ပေးရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း။
အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
၃) လူငယ် ဗဟိုပြု အခြေခံ ပညာ အထက်တန်း ကျောင်းများတွင် ဒီမိုကရေစီ ကျင့်စဉ်များ လေ့ကျင့် ပျိုးထောင် ပေးရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း။
အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား