img.emoticon {
padding: 0;
margin: 0;
border: 0;
}
အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့နိုင်ကြောင်း ထုတ်ပြန်
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့
အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ
ပေးပို့နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့်
သတင်းထုတ်ပြန်သည်။
ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို
သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု
ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့်
အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက်
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို
ပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ
အဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကို ဖေဖော်ဝါရီ ၂၅ ရက်မှ
စတင်ဆောင်ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင်
အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့်
အီးမေးလ် mdri.cesd@gmail.com ၊ ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း
ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း
သိရှိရသည်။
7Day News Journal
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား