img.emoticon { padding: 0; margin: 0; border: 0; }

Thursday, January 31, 2013

wifi zone တခုတည်းအောက်မှာ Android ဖုန်းအချင်းချင်း Mpt ကိုပိုက်ဆံတပြားမှပေးစရာမလိုဘဲ ဖုန်းပြောလို့ရမယ့် Application လေး


သူငယ်ချင်းများကို ကျွန်တော်စမ်းသပ်ထားတဲ့ wifi zone တခုတည်းအောက်မှာ Android ဖုန်းအချင်းချင်း  Mpt ကိုပိုက်ဆံတပြားမှပေးစရာမလိုဘဲ ဖုန်းပြောလို့ရမယ့် Application လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ၊
Serval Mesh လို့ခေါ်တဲ့ဒီ Application လေးကို ဒေါင်းလိုက်ပါ ဒေါင်းလို့ပီးရင်တော့ install လုပ်လိုက်ပေါ့

Download>>>lastbox (or)zippyshare (or)sharebeast.
screenshot_0131000130screenshot_0131000159screenshot_0131000210screenshot_0131000219
screenshot_0131000228
ပုံထဲမှာပေါ်တဲ့အတိုင်း အဆင့်လိုက် လုပ်ဆောင်သွားရပါမယ်
screenshot_0131000329
ခုအဆင့်ကတော့ မိမိ ပေးလိုတဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရပါမယ်….. အနည်းဆုံး ဂဏန်း ၅ လုံး နှင့်အထက် ရိုက်ထည့်ရပါမယ်….ကိုယ်ကြိုက်တဲ့နံပါတ်
ကိုရိုက်ထည့်ပါ……အောက်မှာတော့ ကိုယ့်နာမည်ထည့်ပေါ့ဗျာ…. အပေါ်ကဟာက နမူနာပြထားတာပါ
screenshot_0131000344
ခုဆိုရင်တော့ Serval Mesh ရဲ့ Application လေးထဲကိုစရောက်ပါပီ ….. Setting ထဲကိုဝင်လိုက်ပါ
screenshot_0131000358
ဒီလိုပုံလေးမြင်ရလိမ့်မယ်…… ဖုန်း ၂လုံးနဲ့တင်စစမ်းသပ်ချင်တယ်ဆိုရင်တော့ တလုံးကို Access Point (AP) အနေနဲ့ထားပေးရပါမယ် သူ့ရဲ့ original mode ကတော့ wifi ကို client မှာဘဲထားပေးထားတာပါ…. ကဲဒါဆိုရင် စတင်ချိတ်ဆက်လို့ရပါပီ……
ဖုန်း ၂ လုံးနဲ့စစမ်းရင် တလုံးက AP Mode မှာထားပေးပါ….ကျန်တဲ့ ၁လုံး ဒါမှ မဟုတ် နောက်ထပ်အလုံးတွေအားလုံးကို Client mode မှာထားပေးထားရင်
ရပါပီ……Wifi Hotspot မှာတော့ Mesh ဆိုတဲ့ နာမည်နဲ့အော်တိုပြောင်းသွားပါလိမ့်မယ်…သူ့ Default ကတော့ Wifi security ကို Open မှာဘဲအော်တို
ထားပေးပါတယ်……ကိုယ့်ပက်စ၀က်ကိုယ် ပြန်ပေးထားလိုက်ပါ…ဒါမှလုံခြုံမှာလေ……
တယောက်ထောင်ထားတဲ့ Mesh Hotspot ဆိုတဲ့ဟာကို နောက်တလုံးကနေ connect လုပ်လိုက်တာနဲ့ အသုံးပြုလို့ရပါပီ…. call ခေါ်ပေတော့ဗျာ
ခုကျွန်တော်တင်ပေးတဲ့ ဟာလေးက Wifi Network Zone တခုတည်းမှာရှိတဲ့ IP Class တခုတည်းအတွင်းမှာ Wifi connection သာရနေရင်…
ဘယ်လောက်ဝေးဝေး ဖုန်းပြောလို့ရပါတယ်……. CPE တွေထောင်ထားတဲ့သူတွေအဖို့တော့ တော်တော် အသုံးတည့်မှာပါ…….

မြန်မာမိုဘိုင်း မှကူးယူဖော်ပြသည်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား