ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဇန်န၀ါရီလ ၃၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအဖွဲ့ကို အိုင်အက်ဖ်စီ အမှုဆောင် ဒုတိယဥက္ကဋ္ဌ နှင့် စီအီးအို Jin-Yong Cai ဦးဆောင်ကာ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီပေးမှု ပြန်လည်စတင်သည့် အချိန်တွင် ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ဘ၀ တိုးတက်မြင့်မားရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့ဘဏ်အုပ်စုအနေနှင့် မည်ကဲ့သို့ ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်မည်ကို သိရှိရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊အရပ်ဖက် လူ့အဖွဲ့အစည်း၊ ပညာရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား