စာသင်ကျောင်း တိုက်ခိုက်ခံရမှုများ ရှောင်ရှားနိုင်ရန်အတွက်
စာသင်ကျောင်းတိုင်းတွင် လက်နက်ကိုင် ရဲအရာရှိများနှင့် လုံခြုံရေးများ
ထားရှိစောင့် ကြပ်စေခြင်းသာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပြီး အမေရိကန်
များကလည်း ယင်းကို လိုလားကြလိမ့်မည်ဟု အမျိုးသားရိုင်ဖယ် အစည်းအရုံး (NRA) က
ဆိုသည်။ ”ကျွန်တော်တို့ ကလေးတွေ ကို ကာကွယ်ဖို့ စာသင်ကျောင်း တွေမှာ
ရဲတပ်ဖွဲ့ဝင်တွေ လက်နက် ကိုင်အစောင့် တွေထားဖို့ အဆိုပြု တာကို
ရူးသွပ်ရာကျတယ် ဆိုရင် ကျွန်တော့်ကို အရူးလို့သာ ပြောပါ။ ဒါပေမဲ့
အမေရိကန်ပြည် သူတွေ ကတော့ အဲဒီလိုမလုပ်တာ ကိုသာ ရူးရာကျတယ်လို့ ထင်မှာပါ။
ဒါဟာ လူတွေဘေးကင်းစေ မယ့်ကိစ္စရပ်တစ် ခုပါ”ဟု NRA အမှုဆောင် အရာရှိ
ချုပ်Wayne Lapierre ကဆိုသည်။ စာသင်ကျောင်းများတွင် လုံခြုံရေး
အစောင့်အကြပ်များ ပိုမို ထားရှိရန်ကျောင်း
လုံခြုံရေးအတွက်
စစ်ပြန်ဟောင်းများနှင့် ရဲအမှုထမ်း ဟောင်းများအား ရဲအရာရှိများနှင့်
ပူးပေါင်းလုပ်ဆောင်နိုင်စေရန်အတွက် အမေရိကန် ကွန်ဂရက်အား တွန်းအားပေး
လုပ်ဆောင်သွားမည်ဟု ၄င်းက ဆိုသည်။ ကွန်နက်တီ ကပ်ပြည်နယ်၊ နယူးတောင်းမြို့
ဆန်ဒီဟုတ် မူလတန်းကျောင်း ပစ်ခတ်ခံရမှု ဖြစ် ပွားပြီးနောက်ပိုင်း
အမေရိကန်နိုင်ငံတွင် လက်နက်ထိန်းချုပ်ရေး ဥပ ဒေတစ်ရပ် လိုအပ်နေပြီဟူသော
ဝေဖန်သံများ ဆူညံလာခဲ့သည်။ သမ္မတ အိုဘားမားကလည်း လက် နက်ထိန်းချုပ်ရေး
ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး အတွက် ထောက် ခံမှုပြုထားပြီး လွှတ်တော်အမတ်အ
များစုကလည်း ယင်းကိုအလိုရှိနေ ကြသည်။ သို့ရာတွင် NRA အမှု
ဆောင်အရာရှိချုပ်ကမူ လက်နက် ထိန်း ချုပ်ရေး ဥပဒေအသစ်တစ်ရပ်
ပေါ်ထွန်းလာမည့်အရေးကို ငြင်းဆို ထားပြီး ပစ်ခတ်ခံရမှုများ ရှောင်ရှား
ရန်အတွက် ကွန်ဂရက်၏ မည်သည့် လုပ်ဆောင်ချက်မျှ အရာရောက် မည်မဟုတ်ဟု
ဆိုထားသည်။ သို့ရာတွင် ဆီနိတ်တာ Charles Schumer က NRA အမှုဆောင်အရာရှိချုပ်
Lapierre သည် ပစ်ခတ်ခံရမှုများ အတွက် လက်နက်ကလွဲပြီး ကျန်မည်သည့် အရာကို
မဆိုပြစ်တင်ဝေ ဖန်မှုပြုတတ်သူဟု စွပ်စွဲထားသည်။ ”လက်နက် အကြောင်း မပြော
ဘဲနဲ့ စာသင်ကျောင်းပစ်ခတ်ခံရတာကို ရှောင်ရှားနိုင်ဖို့ ကြိုးစားတာဟာ
ဆေးလိပ်မပြတ်ဘဲနဲ့ အဆုတ်ကင် ဆာကိုကာကွယ်တာနဲ့ အတူတူပဲ ပေါ့”ဟု Schumer က
ဆိုသည်။ NRA က စာသင်ကျောင်း အရေးပေါ်အခြေအနေ တုံ့ပြန်မှု အစီ အစဉ်တစ်ရပ်
လုပ်ဆောင်သွားမည် ဖြစ်ပြီး ၄င်းတို့အဖွဲ့ဝင် ၄ ဒသမ ၃ သန်းက
စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ရန်နှင့် ကွန်ဂရက်အမတ်ဟောင်း Asa Hutchinson
အား ယင်းအစီအစဉ်၏ ညွှန်ကြား ရေးမှူးအဖြစ် ခန့်အပ်ထားသည်။ ဒေသခံများက
စာသင်ကျောင်း များတွင် လက်နက်ကိုင်အစောင့်ထား ရှိရေးမထားရှိရေးကို
ဆုံးဖြတ်ရမည် ဟု Hutchinson က ဆိုသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား