img.emoticon { padding: 0; margin: 0; border: 0; }

Monday, December 10, 2012

သမ၀ါယမဘဏ်မှ Master Card များ ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ြ


နောင်လာမည့်တစ်နှစ်တွင် သမ၀ါယမဘဏ်မှ Master Card များ ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ သိရသည်။ လက်ရှိတွင် Master Card များကို သမ၀ါယမဘဏ်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်သော်လည်း လောလောဆယ်တွင် ကတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ပြည်တွင်းမှ Master Card အသုံးပြုလိုသူများ အနေဖြင့် နောင်လာမည့် တစ်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Master Card အနေဖြင့် ယခုအခါ ATM မှ ငွေသား ထုတ်ပေးသည့် ၀န်ဆောင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Master Card ဖြင့် ATM စက်များတွင် ငွေထုတ်ယူပါက မြန်မာကျပ်ငွေဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ၂၄ နာရီပတ်လုံး ထုတ်ယူနိုင်မည်ဟု ဆိုသည်။ တစ်ကြိမ်ထုတ်လျှင် အများဆုံး ငွေကျပ် ၃ သိန်းမှ တစ်ရက်လျှင် အများဆုံး ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား