img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, December 18, 2012

ဖါးကန့်ဒေသရှိ ကားမိုင်းရဲစခန်းအား KIA သိမ်းပိုက်

ဖါးကန့်ဒေသရှိ ကားမိုင်းရဲစခန်းအား KIA သိမ်းပိုက်
=============================
ကချင်ပြည်နယ် ဖါးကန့်ဒေသ တပ်မဟာ (၂) လက်အောက်ခံ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်း (၆) မှ တပ်ဖွဲ့တချို့သည် ယနေ့မနက် (၄) နာရီခန့်တွင် ဖါးကန့်ဒေသရှိ ကားမိုင်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ သည် ဟု ပြောခွင့်ရသူ KIA အရာရှိ တဦးက ဆိုပါသည်။
“ ဒီလိုပါ ကျနော်တို့ တပ်ရင်း (၆) ရဲ့ တပ်ခွဲရုံးကို ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ၀င်သိမ်းသွားတဲ့တပ်ပေါ့ အဲဒီတပ်က ကားမိုင်း ရဲစခန်းမှာ ၀င်နားနေတဲ့အချိန်မှာ ကျနော်တို့က ၀င်တိုက်လိုက်တာဖြစ်တယ်။ သူတို့ထွက်ပြေးရတယ်လေ။ မကြေနပ်တာ ကတော့ အဲဒီတပ်က သူတို့တက်လာတုန်းကပေါ့ ရွာသားတွေကိုလည်း နှိပ်စက်တယ်၊ အိမ်အချို့ကို လည်း ဖျက်ဆီး တယ် ပြီးတော့ ကျနော်တို့စခန်းကိုလည်း ၀င်ဖျက်သွားတယ် အဲတာကို မကြေနပ်လို့ပါ” ဟု ဆိုပါသည်။ KIA တပ်မဟာ (၂) တပ်ရင်း (၆) လက်အောက်ခံ တပ်ခွဲတခွဲ၏ရှေ့တန်းစခန်းဖြစ်သော ကောင်းဝါ ((Kawa Kawng) စခန်းကို အစိုးရ ခမရ ၂၉၇၊ ခမရ ၂၉၈ နှင့် ခလရ (၂၅) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ KIA သည် ဤပူးပေါင်းတပ်ဖွဲ့များ အပြန် ကားမိုင်းရဲစခန်း၌ နားနေစဉ်တွင်ပြန်လည်ချေမှုန်းခဲ့ခြင်း ဖြစ်ပါသည်။
အထိအခိုက်အကျဆုံးမသိရသေးသော်လည်း ရဲနှစ်ဦးသေဆုံးသည်ဟု အတည်မပြုရသေးသောသတင်းများကဆိုပါ သည်။ KIA တပ်ဖွဲ့များသည် ကားမိုင်းစခန်းကို တနာရီကျော် သိမ်းပိုက်ထားပြီး မနက် (၅) နာရီကျော်၌ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ အပြန်လမ်းတွင်လည်း တံတားတစင်းကို မိုင်းခွဲခဲ့သေးသော်လည်း ပျက်စီးသွားခဲ့ခြင်းမရှိဟု KIA ဖက်က ဆိုပါသည်။
ကောင်းဝါ ((Kawa Kawng) စခန်းသည် 1994 ခုနှစ်အစိုးရနှင့် KIA တို့ အပစ်အခတ်ရပ်စဲခဲ့စဉ်တုန်းက စံပြရွာ အ ဖြစ်တည်ထားသော ကျေးရွာဖြစ်ပါသည်။ အစိုးရတပ်မှ ဖျက်ဆီးသွားသည့် တပ်ခွဲစခန်းမှာလည်း ဤကျေးရွာကို လုံခြုံရေးပေးနေသည့် စခန်း ဖြစ်ပါသည်။
အစိုးရတပ်ဖွဲ့များသည် ကျေးရွားသားများအပေါ် နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရွာမီးရှို့ခြင်း၊ ပစ်ခတ်သတ်
ဖြတ်ခြင်း တို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့သည်ဟု KIA တို့ကဆိုပါသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပါက အနီးအနားရှိ ကျေးရွာထဲ သို့
လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ တွေ့ရှိသည့် ရွာသားများကို ပစ်သတ်ခြင်းသည် ရှေ့တန်းရှိ အစိုးရတပ်များ၏ လုပ် နေကြ
လုပ်ကြံမှုနည်းဗျူဟာ တခုဖြစ်ပါသည်။ ဤနည်းဖြင့် အစိုးရတပ်ဖွဲ့များသည် ရွာသားများကို ရွာပုန်းရွာရှောင်ဘ၀ ရောက်ရှိစေခြင်းနှင့် ဒုက္ခသည်ဘ၀ ရောက် ရှိ စေခြင်းကို တမင်ရည်ရွယ်ချက်ဖြင့် ဖန်တီးနေခဲ့ပါသည်။ ဤလုပ်ရပ်မျိုးသည် ယခုတိုက်နေသော KIA စစ်ပွဲမှာတင်မ ဟုတ် ဘဲ 1994 ခုနှစ်၌ ထိုးစစ်ဆင်ခဲ့သော KNU တိုက်ပွဲများနှင့် တိုင်းရင်းသားဒေသ ထိုးစစ်တိုင်းတွင် ထင်ထင် ရှား ရှား ကျင့်သုံးနေခဲ့သော လုပ်ရပ်ဆိုးဖြစ်ပါသည်။
(souce- ရွှေဟင်္သာသတင်းဌာန)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား