img.emoticon { padding: 0; margin: 0; border: 0; }

Thursday, December 20, 2012

ပျဉ်းမနားမြို့၊ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအ တွင်းတွင် မကြာခဏခိုးမှု များဖြစ်ပွားလေ့ရှိေ

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအ
တွင်းတွင် မကြာခဏခိုးမှု များဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ကျွန်တော့်ဆေးရုံမှာ ၀န်ထမ်းအချို့ဆို သူခိုးပူလို့ စိတ်ပျက်နေကြတယ်။ (၁၇-၁၂-၂၀၁၂) ရက်နေ့၊ နေ့လယ် ၁ နာရီခွဲလောက်ကြီးမှာ ဆေးရုံဝန်
ထမ်းတွေ သူခိုးလိုက်ပွဲလေး ကျင်းပလိုက်ရသေးတယ်။ ဖြစ်ပုံက ဒီလိုပါ
ဟု အမည်မဖော်လိုသူတစ်ဦးကပြောပြသည်။


ဆေးရုံဝန်ထမ်း မရီလေးခိုင်(ဓာတ်ခွဲ)ရဲ့ အခန်းက သော့ကို ရိုက်ဖျက်ပြီး အ၀တ်အစားတွေကို အထုပ်ထုပ်ပြီး သူခိုးက အုတ်တံတိုင်းတစ်ဖက်ရှိ ရင်ခွဲရုံဘက်ကို အထုပ်ပစ်ချလိုက်စဉ်မှာ ရင်ခွဲရုံအနီးမှာရှိနေတဲ့ ဆေးရုံဝန်
ထမ်း ကိုဝေမိုးအောင်နဲ့ ကိုစောလစ်ဂိုးက အံ့အားသင့်နေစဉ်မှာ အုတ်တံတိုင်းပေါ်ကနေ ခုန်ချမယ့်ဆဲဆဲ သူ
ခိုးလည်း ပြူးပြူးပြဲပြဲရှိနေစဉ် မင်းဘာလုပ်တာ လဲဟု ဆေးရုံဝန်ထမ်းများကမေးတော့ သူခိုးက အထုပ်ရှိရာကို ခုန်မချတော့ဘဲ တစ်ဖက်ကို ပြန်ခုန်ချသွားတော့မှ သူခိုး၊ သူခိုးဆို ပြီး လိုက်တော့ ဆည်မြောင်းဝန်ကြီးဌာန
အတွင်းဘက် ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြောပြသည်။

အဆိုပါ သူခိုးဖမ်း ၀န်ထမ်းများက လူမြင်လျှင် မှတ်မိကြောင်းနှင့် အထုပ်ကို ဆေးရုံရုံးခန်းအတွင်း ခေတ္တသိမ်း
ဆည်းခဲ့ပြီး ပိုင်ရှင်သို့ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ထိုနေည ၈ နာရီတွင် ဆေးရုံအုပ်ကြီးက ပျဉ်းမနားပြည်သူ့ရဲ
စခန်းသို့ ဖုန်းဖြင့် ဆက်သွယ်၍ ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။

နိုဝင်ဘာလအတွင်း ခိုးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် ၁၁-၁၁-၂၀၁၂ ၌ ဆေးရုံဝန်ထမ်း အမျိုးသမီးများ နေသော
အခန်းမှန်တံခါးကိုထုရိုက်ပြီး အတွင်းမှပိုက်ဆံအိတ်ကို ခိုးယူသွားခဲ့ခြင်းဖြစ်ရပ်နှင့် ၃၀-၁၁-၂၀၁၂ ၌စိတ်
ကျန်းမာရေးဆရာဝန်တစ်ဦး၏ အခန်းအတွင်းသို့ ၀င်ရောက်၍ အ၀တ်အစားများ ခိုးယူသွားခဲ့ခြင်း ဖြစ်ရပ်တို့
ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်များအားလုံးကိုလည်း ဆေးရုံအုပ်ကြီးကပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးထံအကြောင်း
ကြား၍ အမှုဖွင့်ထားကြောင်း သိရသည်။

by Myanmartandawsint Newspaper

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား