img.emoticon { padding: 0; margin: 0; border: 0; }

Saturday, December 1, 2012

လုပ်ငန်းရှင်အများစု၏ အခွန်တိမ်းရှောင်မှု စစ်ဆေးခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ လတ်တလော အခွန်တိမ်းရှောင်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် အခွန်ဦးစီး၊ စီးပွားကူးသန်းစသည့် ဝန်ကြီးဌာနများနှင့် ကြပ်မတ်စစ်ဆေးရန် ပြင်ဆင်

မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များ၏ အခွန်တိမ်းရှောင်နေမှု ပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ ကြပ်မတ်စစ်ဆေးနိုင်ရန် ပြင်ဆင်နေကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်မောင်စိုးက ပြောပါသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အများစု၏ အခွန်တိမ်းရှောင်မှုအား စစ်ဆေးနိုင်ရန်အတွက်လည်း အခွန်တိမ်းရှောင်မှု စစ်ဆေးခြင်းဆိုင်ရာ ဥပဒေအား မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်းလည်း ဦးမောင်မောင်စိုးက ပြောပါသည်။
“အခွန်ရှောင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် စီးပွားကူးသန်းရယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနရယ် တခြားသက်ဆိုင်တဲ့ ဌာနတွေရယ် ပေါင်းပြီးစစ်ဆေးဖို့ ပြင်နေသလို၊ အခွန်တိမ်းရှောင်မှု စစ်ဆေးခြင်းဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ဦးမောင်မောင်စိုးက အတည်ပြု ပြောကြားခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃၀၆၀၆ ရှိနေသော်လည်း အခွန်ထမ်းဆောင်သည့် စာရင်းတွင် ကုမ္ပဏီပေါင်း ၁၅၄၀၈ သာရှိနေပြီး စာရင်းပါကုမ္ပဏီများအနက် အမြတ်ပြအခွန်ဆောင်သည့် ကုမ္ပဏီမှာလည်း ၂၂၆၇ ခုသာရှိနေကာ ကျန်ကုမ္ပဏီများမှာ အရှုံးစာရင်းပြကာ အခွန်ဆောင်မှုမရှိကြောင်း  .   .  .

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း ဂျီဒီပီတွင် အခွန်ပါဝင်မှု အနိမ့်ဆုံးနိုင်ငံဖြစ်နေကာ အခွန်တိမ်းရှောင်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃၀၆၀၆ ရှိနေသော်လည်း အခွန်ထမ်းဆောင်သည့် စာရင်းတွင် ကုမ္ပဏီပေါင်း ၁၅၄၀၈ သာရှိနေပြီး  စာရင်းပါကုမ္ပဏီများအနက် အမြတ်ပြအခွန်ဆောင်သည့် ကုမ္ပဏီမှာလည်း ၂၂၆၇ ခုသာရှိနေကာ ကျန်ကုမ္ပဏီများမှာ အရှုံးစာရင်းပြကာ အခွန်ဆောင်မှု မရှိကြောင်းလည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါလုပ်ငန်းရှင်များ၏ အခွန်တိမ်းရှောင်နေမှုပြဿနာအပေါ် ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် အခွန်ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင်က “ဒီလို အခွန်ရှောင်နေတဲ့ ကုမ္ပဏီတွေကို ဘာလို့မစစ်ဆေးတာလည်း။ ဆိုးရွားတဲ့ အခွန်တိမ်းရှောင်မှုဆိုတာလည်း သိနေတယ်။ အရှုံးပြနေတဲ့ လုပ်ငန်းတွေက ဘယ်ဝင်ငွေနဲ့ ရပ်တည်နေလည်း လာဘ်ပေးလာဘ်ယူလုပ်ပြီး  သူတို့ပေးတာယူ၊ သူတို့အရှုံးပြတာနဲ့ ကျေနပ်နေရင်တော့ ဘယ်လောက်ပဲစစ်ဆေးစစ်ဆေး လာဘ်ပေးလာဘ်ယူလုပ်ပြီး အခွန်ရှောင်နေကြမှာပဲ။ အခွန်ရှောင်နိုင်အောင် လုပ်ပေးပြီး လာဘ်ပေးလာဘ်ယူတွေ ရှိနေသရွေ့တော့ အခွန်လည်း ဆောင်ကြမှာမဟုတ်ဘူး။ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်နေဦးမှာပဲ” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အခွန်အကောက်ငွေများအား လေ့လာကြည့်မည်ဆိုပါက အခွန်တိမ်းရှောင်မှု၊ အ ခွန်လျော့ပါးရန် ကြိုးစားမှု၊ အခွန်အကောက်စနစ် ပွင့်လင်းမြင်သာခြင်း မရှိမှု၊ အခွန်နှုန်းထားအမျိုးမျိုးနှင့် ရှုပ်ထွေးနေမှုနှင့် လက်ရှိအခွန်စနစ်မှာလည်း အားနည်းချက်များနှင့် ချွတ်ယွင်းမှုများရှိနေကြောင်း ရွှေပြည်သာ မဲဆန္ဒနယ်မှ လွှတ်တော်အမတ်ဖြစ်သူ ဦးတင်မောင်ဦးက လွှတ်တော်အတွင်း ဆွေးနွေးပြောကြားခဲ့ပါသည်။          http://www.news-eleven.com/     

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား