img.emoticon { padding: 0; margin: 0; border: 0; }

Thursday, November 22, 2012

F.M.I ကုမ္ပဏီဝန်ဆောင်မှုလုပ်ငန်းများ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်မည်ြ

F.M.I ကုမ္ပဏီ ကိုယ်ပိုင်လေကြောင်းလိုင်း တည်ထောင်ရန် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း  နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည့် F.M.I ကုမ္ပဏီ၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အဆိုပါ ကုမ္ပဏီဥက္ကဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။


“F.M.I Air Charter ကို ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၉ မှာ စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်နဲ့ နေပြည်တော်ကြား လွန်းပျံလေယာဉ်ပြေးဆွဲမှု စတင်ခဲ့ပါတယ်။ အခုလောလောဆယ်မှာ ဒီလုပ်ငန်းက လမ်းကြောင်းတစ်ခုတည်းရှိတဲ့ လေယာဉ် စင်းလုံးဌားရမ်းမှုလုပ်ငန်း အဖြစ်တည်ရှိနေပေမယ့် ကိုယ်ပိုင်လေကြောင်းလိုင်း တည်ထောင်ဖို့ Application တင်ထားတဲ့  မူကြမ်းအရ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ မကြာမီ F.M.I ကိုယ်ပိုင်လေကြောင်းလိုင်း အနေနဲ့ ဆက်လက် လုပ်ငန်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တွေကို Charter အနေနဲ့ ပြေးဆွဲဖို့ ရည်ရွယ်ပါတယ်” ဟု ကုမ္ပဏီ၏ဥက္ကဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။
F.M.I Air Charter ကုမ္ပဏီသည် SPA Myanmar ကုမ္ပဏီနှင့် ပူးပေါင်းကာ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံလုပ် ဟီးနိုးမော်တော်ယာဉ်မျိုးစုံ တင်သွင်းကာ ပြုပြင်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို FMI ကုမ္ပဏီက လာမည့် ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အကောင်အထည်ဖော်နိုင်ရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဂျပန်နိုင်ငံ Hino Motors Ltd နှင့် သဘောတူစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း လာမည့်နှစ် မတ်လကုန်တွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ FMI ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Dongfong အမှတ်တံဆိပ် ကုန်တင်ယာဉ်များအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Successful Goal Trading Co.,Ltd ကို တည်ထောင်ကာ အထက်မြန်မာပြည် ဈေးကွက်အတွက် မန္တလေးတွင် အရောင်းပြခန်းတစ်ခု ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား