img.emoticon { padding: 0; margin: 0; border: 0; }

Friday, November 30, 2012

အာဆီယံ- အိန္ဒိယချစ်ကြည်ရေး အထိမ်းအမှတ် မော်တော်ကားမောင်းပွဲ


ဒုတိယအကြိမ်မြောက် အာဆီယံ- အိန္ဒိယချစ်ကြည်ရေး အထိမ်းအမှတ်
မော်တော်ကားမောင်းပွဲတွင် အာဆီယံ ၁၀နိုင်ငံမှ ကားအစီး
၆၀ပါဝင်မည်ဖြစ်ပြီး တစ်နိုင်ငံလျှင် လေးဦးပါဝင်ခွင့် ရရှိသည့် အတွက်
မြန်မာနိုင်ငံမှ ရုပ်ရှင် သရုပ်ဆောင် များ
ဝေဠုကျော်၊ ကိုပေါက်၊ အမျိုးသမီးသရုပ်ဆောင် များဖြစ်သည့် မေသဉ္ဇာဦး၊ ဆုပန်ထွာ တို့ပါဝင် မည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးသောင်ထိုက်ကပြောကြားသည်။



အဆိုပါ မော်တော့ကားမောင်း
ခရီးစဉ်မှာ ၂၂ရက်ကြာမြင့်မည်ဖြစ်ပြီး
ခရီးမိုင်အကွာအဝေးမှာ ၇၆၁၀ ကီလိုမီတာ ရှည်လျှားမည်ဖြစ်သည်။ယခုလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံသို့
ဒီဇင်ဘာလ၁၁ရက်နေ့မှ၁၄ရက်နေ့ထိ ဘားအံ၊နေပြည်တော်၊ မန္တလေး၊ကလေး-တမူးမြို့နယ် များကို
ဖြတ် သန်းမောင်းနှင်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား