img.emoticon { padding: 0; margin: 0; border: 0; }

Monday, October 29, 2012

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဌာနခွဲအချို့အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမည်


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဌာနခွဲအချို့အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ေ
ရးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က အောက်တိုဘာလ ၂၈ရက် နေ့က အလုံသင်္ဘောကျင်း၊ ဧရာခန်းမ၌ ပြောကြားခဲ့သည်။

''လက်ရှိမှာ ပိတ်သိမ်းခဲ့ရတဲ့ ကူးတို့လမ်းတွေရှိတဲ့အတွက် အရှုံးပေါ်နေတဲ့ ဌာနခွဲတစ်ချို့ကို ပုဂ္ဂလိကနဲ့ အရင်ပူးပေါင်းလုပ်ဆောင်သွားမယ်။ ဒါကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံပိုင်သတင်းစာနဲ့ မီဒီယာတွေမှာ ကြိုတင်ကြေညာသွားမှာပါ'' ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၂၈ရက်နေ့က ပြောကြားခဲ့သည်။

လမ်းတံတားများ တိုးတက်လာခြင်းနှင့် ကားလမ်းများ ကောင်းမွန်လာခြင်းကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ပိတ်သိမ်းခဲ့ရသည့် ကူးတို့လမ်းများမှာ မြစ်ဝကျွန်းပေါ်ဌာနခွဲတွင် ၆ခု၊ ဧရာဝတီဌာနခွဲတွင် ၇ခု၊ သံလွင်ဌာနခွဲတွင် ၆ခု၊ ရခိုင်ဌာနခွဲတွင် ၂ခုနှင့် ချင်းတွင်းဌာနခွဲတွင် ၁ခု စုစုပေါင်း ၂၂ခု အထိရှိကြောင်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား