မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၆၀၂.၀၁၉သန်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း
ပြည်ပ ကြွေးမြီ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၄၈၇.၄၁၅ သန်း၊ စုစုပေါင်း ၁၅
၀၈၉.၄၃၄သန်းရှိကြောင်း၊ ပြည်တွင်းကြွေးမြီ ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ သန်း
ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာလကုန်ထိ နိုင်ငံတော်တွင်း
လှည့်ပတ်နေသော ငွေကြေးပမာဏမှာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ သန်း(၆.၁၉
ထရီလီယံ)ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့ပြီး
မြန်မာနိုင်င်ငံတွင် ခန့်မှန်း တွက်ချက်မှုအရ ၂၀၁၁ ခုနှစ် အလုပ်
လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း အလုပ်သမားဒုတိယ ၀န်ကြီး
ဦးမြင့်သိန်းက ပြောကြားခဲ့ပါသည်။
မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး၏ “၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီ စာရင်းများအရ မြန်မာနိုင်ငံ ကြွေးမြီ၊ လည်ပတ်နေသော ငွေကြေး၊ အလုပ်လက်မဲ့ အခြေအနေ၊နိုင်ငံခြား အရန်ငွေနှင့် ရွှေ တန်ဖိုး မည်မျှ ရှိသနည်းဆိုသော မေးခွန်းနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံခြား အရန်ငွေနှင့် ရွှေတန်ဖိုးနှင့် ပတ်သက်သော မေးခွန်းကိုမူ စိစစ် ဆောင်ရွက်ဆဲဖြစ်သည့် အတွက်ကြောင့် သီးခြား ထပ်မံပြီး တင်ပြ သွားမည်ဟု ဒေါက်တာ မောင်မောင်သိန်းက ဖြေကြားခဲ့ပါသည်။
https://www.facebook.com/ElevenMediaGroup
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား