img.emoticon { padding: 0; margin: 0; border: 0; }

Friday, October 5, 2012

Asia Masters ဟိုတယ်သင်တန်းကျောင်း

အပတ်စဉ် ၅၃ ကို အောက်တိုဘာ ၅ ရက်နေ့တွင် စတင်မည် ဖြစ်ပါကြောင်း သတင်းကောင်း
ပေးလိုက်ပါတယ်။
0973050603, 09450044331 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ
သည်။


Asia Masters ဟိုတယ်သင်တန်းကျောင်းမှကြိုဆို
ပါတယ်။ Asia Masters
ဟိုတယ်သင်တန်းကျောင်းသည် အရွယ် ရောက်ပြီး မြန်မာလူမျိုးများမှ
ပညာအရည်အချင်း ချို့တဲ့သူများ၊ တစ်ပိုင်းတစ်စဖြစ်ခဲ့သူများ နှင့်
ဘွဲ့ရပြီး အလုပ်အကိုင် ရှာဖွေနေသူများအတွက်
လူနေမှုအဆင့်အတန်းမြင့်မားပြီး၊ ဘ၀တက်လမ်းရှိသည့်
အလုပ်အကိုင်များရရှိနိုင်သည့် ပြည်တွင်း/ပြည်ပ ဟိုတယ်ကြီးများ၊
စားသောက်ဆိုင်ကြီးများ နှင့် အရောင်းဆိုင်ကြီးများတွင်
အလုပ်တစ်ခုရရှိနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်း နှင့်
အလုပ်အကိုင်ရှာဖွေပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏
သင်တန်းကျောင်းတစ်ခုဖြစ်ပြီး စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင် လက်တွေ့
တို့ကိုပါထည့်သွင်းလေ့ကျင့်ပေးသည်။

အလုပ်အကိုင်တစ်ခုရရှိလိုသူများအတွက် အခြေခံကျွမ်းကျင် (၂)လသင်တန်းများကို
ဖွင့်လှစ်ပေးထားသည်။ အခြေခံ ကျွမ်းကျင် (၂) လသင်တန်းပြီးဆုံးပါက
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)
မှပေးအပ်သည့် Certificate ကိုရရှိသည်။ အရည်အချင်းပြည့်မီက
အလုပ်အကိုင်တစ်ခုလည်းရရှိနိုင်သည်။ အခြေခံ (၂)လသင်တန်းများ တွင်
ဟိုတယ်စားဖိုမှူးသင်တန်း၊ ဟိုတယ်စားပွဲထိုးသင်တန်း၊
ဧည့်ကြိုနှင့်လေယာဉ်မယ်သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသင်တန်း၊
နိုင်ငံတကာမုန့်ဖုတ်သင်တန်း၊ ဘားဝန်ထမ်းသင်တန်း၊ အကြောဖြေနှင့်
ကျန်းမာရေးသင်တန်း၊ အရောင်း နှင့် စာရင်းကိုင်ဝန်ထမ်းသင်တန်း၊
ကွန်ပျူတာစာစီစာရိုက်နှင့်ဒီဇိုင်းသင်တန်း၊  Auto CAD
သင်တန်းတို့ပါဝင်သည်။

အလုပ်အကိုင်ထဲရောက်ရှိနေပြီး မိမိဘ၀တက်လမ်းအတွက်
ဆက်လက်သင်ယူလိုသူများအတွက်အင်္ဂလန်နိုင်ငံ Confe-deration of Tourism and
Hospitality (CTH) မှ Diploma in Hotel Management သင်တန်းများကို
မြန်မာနိုင်ငံမှာ စတင်တက်ရောက်နိုင်ပါသည်။ ဘာသာရပ် (၁၀) ခုပါဝင်ပြီး၊
သင်တန်းကာလ (၁) နှစ်ကြာမြင့်သည်။ စာမေးပွဲများမှာ တစ်နှစ်ကို (၃)
ကြိမ်ရှိပြီး ဇန်န၀ါရီ၊ ဇွန် နှင့် စက်တင်ဘာလများတွင်ကျင်းပသည်။
ဒီပလိုမာအောင်မြင်ပြီးပါက Advanced Diploma သင်တန်းကိုလည်း
မြန်မာနိုင်ငံတွင်ဆက်လက်တက်ရောက်နိုင်သည်။ နောက်ဆုံးနှစ် Bachelor
ဘွဲ့ယူရန်အတွက် အင်္ဂလန်၊ သြစတေးလျှနှင့် အမေရိကန်နိုင်ငံများတွင်
ဆက်လက်တက်ရောက်နိုင်သည်။

Asia Masters ဟိုတယ်သင်တန်းကျောင်းသည် အင်္ဂလိပ်ဘာသာစကားနှင့်
ကွန်ပျူတာနည်းပညာ ပြန့်ပွားရေးကို ဆောင် ရွက် နေသည့်
သင်တန်းကျောင်းတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံသားများ မည်သူမဆို အင်္ဂလိပ်
စကားပြော နိုင်ရန်အတွက် (၂) သင်တန်းများဖြစ်သည့် အဆင့်-၁၊ အဆင့်-၂ နှင့်
အဆင့်-၃ သင်တန်းများကို တက်ရောက်နိုင်သည်။ ကွန်ပျူတာအနေနှင့်
အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းများနှင့်
အင်တာနက်အသုံးပြုနည်းကိုလည်း ဆက်လက် သင်ယူနိုင်သည်။

သင်တန်းတက်ရောက်သူများအတွက် အထူးအစီအစဉ်အနေဖြင့်
သက်ဆိုင်ရာလုပ်ငန်းအလိုက် ယူနီဖေါင်းများချုပ် ပေးခြင်း၊
ရန်ကုန်မြို့တော်ရှိ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်ကြီးများကို
လေ့လာရေးခရီးတို့ကို အခမဲ့ ဆောင်ရွက် ပေးသည်။

ဖုန်းနံပါတ် ၀၉၇၃၀၅၀၆၀၃ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား