Huawei U8661 Root
အာရှမိုဘိုင်းက ညီငယ်လေး တစ်ယောက် လာတောင်းလို့ ကျွန်တော်လဲ မနက် 2:00 လောက်မှာ ရှာတွေ့သွားပါတယ်..
အဆင့်ဆင့်ကိုလဲ အောက်မှာ ဖော်ပြပေးထားပါတယ်…
တောင်းဆိုထားတဲ့ ညီငယ်လေးရော ကျန်တဲ့ MMAS FUN တွေရော အဆင်ပြေကြပါစေ ခင်ဗျာ
အရင်ဆုံး 20120724huawei8661sonic + + U8661.zip လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ
ပြီးရင် zip ဖိုင်လေးကို extract ဖြေလိုက်ပါ
install-superrecovery-windows.bat လေးကို Run ပေးထားပါ သူကတော့ Waiting For Device လိုပြောပါလိမ့်မယ်
ကိစ္စမရှိပါဘူး PH ကိုမှ ကြိုးမထိုးရသေးတာ လုပ်ငန်းစကြစို့ :P
PH ကို Setting ထဲ ၀င်ပါ
System Settings — Applications – Development – ထဲက USB debugging ကို အမှန်ခြစ်ပေးပါ
ပြီးရင် System Settings — Applications – ထဲက Unknown Sources ကို အမှန်ခြစ်ပေးပါ
အားလုံးပြီးရင်တော့ ဖုန်းကို ကွန်ပြုတာဖြင့် အရင်ချိတ်ပါ Driver သိအောင်လုပ်ပြီး Driver အားလုံး အိုကေတယ် ဆိုရင်
ကြိုးပြန်ဖြုတ်ပါ… ဘတ်ထရီဖြုတ်ပြီး ငါးစက္ကန့်ထားပါ
ပြီးရင်တော့ ဘတ်ထရီပြန်ထည့်ကာ Vol Down Key + Power Key ကို တွဲနှိပ်ပြီး Huawei Logo မှာ ရပ်နေသည့် အထိ
ဆက်နှိပ်ထားပါ Huawei Logo မှာ ရပ်နေတယ်ဆိုတာ သေချာရင်တော့ Key တွေကိုလွှတ်ပြီးတော့
ကွန်ပြုတာဖြင့် ဖုန်းအား စတင် ချိတ်ဆက်ပါ။
ပထမ ပိုင်းက Run ထားတဲ့ install-superrecovery-windows.bat
လေးဟာ သူ့အလိုလို စာတွေရေးသွားပါလိမ့်မယ် ပြီးရင် Box လေးပျောက်သွားရင် ဖုန်းကို ကြိုးဖြုတ် ဘတ်ထရီဖြုတ်ပါ
ငါးစက္ကန့်ကြာမြင့်လျင် ဘတ်ထရီပြန်ထည့်ပါ။
Vol Up Key + Power Key ကို တွဲနှိပ်ထားပါ
စက်ရုပ်လိုဂိုလေး ပေါ်လာရင် လက်ကိုလွှတ်လိုက်ပါ။
Reboot System Now ကို နှိပ်ပါ။
(Boot Menu တွင် တစ်ခုနှင့် တစ်ခု ရွှေလိုလျင် Vol Up + Vol Down Key တိုဖြင့် အပေါ်အောက်သွားနိုင်ပြီး Enter လုပ်လိုလျင် Power Key ဖြင့် ပြုလုပ်နိုင်သည်)
ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Super Su ပုံလေး ပေါ်လာပါမည်။
လွယ်ကူ အဆင်ပြေနိုင်ကြပါစေ…
MMAS FUN များကို ထာဝစဉ် ချစ်ခင်လေးစားလျက်..
Thit San Khant
thitsankhant@gmail.com
အပေါ်မှာဒေါင်းလို့အဆင်မပြေရင်ဒီမှာဒေါ်င်းပါ [ Minus ]
from မြန်မာ Mobile Application စတိုး by သစ် ဆန်းခန့်
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား