အီးယူမှ GSP အခွင့်အရေးပေးသောကြောင့် မြန်မာ့ပို့ကုန်များ
အီးယူဈေးကွက်တွင် အခြေအနေကောင်းလာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ
ပြောကြား
ဥရောပသမဂ္ဂ(အီးယူ)မှ အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးမှုစနစ် (GSP-Generalised System of Preferences) ပေးရန်
ဆုံးဖြတ်မှုကြောင့် မြန်မာ့ပို့ကုန်များ အီးယူဈေးကွက်တွင် အခြေအနေ
ကောင်းလာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းများက သုံးသပ်ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်တွင် မူဝါဒပြောင်းလဲလာမှုကြောင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မြန်မာနိုင်ငံ၏
အထည်ချုပ်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ရန် စုံစမ်းမှုများရှိလာကြောင်း
မြန်မာနိုင်ငံ အ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်
ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါ်ခိုင်ခိုင်နွယ်
က "အစိုးရသစ်လက်ထက်မှာ မူဝါဒပြောင်းလဲလာလို့ အထည်ချုပ် ကဏ္ဍမှာ
လာရောက်ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပြီး ဆွေးနွေးနေကြတယ်။ မြန်မာနိုင်ငံက
၁၉၉၇ ကစပြီး GSP အခွင့်အရေးမရခဲ့တော့ မြန်မာ့ပို့ကုန်တွေ ဥရောပကိုသွားရင်
အခွန်သက်သာခွင့်မရခဲ့ဘူး။အခု GSP ပြန်ပေးမယ်လို့ သိရတဲ့အတွက်မြန်မာနိုင်ငံ
အထည်ချုပ်လုပ်ငန်းတွေ ကောင်းမွန်တဲ့အနေအထား ရောက်ရှိ လာနိုင်ပါတယ်"
ဟုပြောကြားခဲ့သည်။
"GSP က ရရင်ကောင်းတာပေါ့။ ထိုင်းတောင်ရတယ်နဲ့
တူတယ်။ ဒါပေမယ့်ထိုင်းကGSP ဒီနှစ်နောက်ဆုံးနှစ် လို့တော့ကြားတယ်။
အဲလိုဖြစ်ရင် ဒီကအခုမှGSPရရင် Export က ဒီဘက်က လှည့်သွားမယ့် သဘောရှိတယ်။
သူတို့ဘက်ကရတုန်းကလည်း ဒီက သွားတာရှိမယ်။ ဒီက မြန်မာတွေက
ဟိုမှာစက်ရုံသွားထောင်ပြီး လုပ်တဲ့ လူတွေတောင်ရှိတယ်။ တကယ်လို့ GSP
ကိုယ့်နိုင်ငံကရရင် ဒီမှာပဲ ထုတ်ပြီးသွားမှာပေါ့" ဟု ရေထွက်ပစ္စည်း
ပြည်ပတင်ပို့သူတစ်ဦးဖြစ်သည့် အဏ္ဏ၀ါဒေ၀ီရေလုပ်ငန်းမှ ဒေါက်တာ
ဒေါ်တိုးနန္ဒာတင်က ပြောကြားခဲ့သည်။
မြန်မာ့ရေထွက်ကုန်များကို
အီးယူနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် ဥရောပသမဂ္ဂ၏
စံချိန်စံညွှန်းများနှင့်အညီ အီးယူအသိအမှတ်ပြု စက်ရုံများဖြစ်အောင်
ရေထွက်ပစ္စည်းပြု ပြင်ထုတ်လုပ်သည့် စက်ရုံများမှ
ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း အီးယူနိုင်ငံများက ၎င်းတို့နိုင်ငံသို့
တင်သွင်းသော ရေထွက်ကုန်များကို သွင်းကုန်ခွန်ကောက်ခံခဲ့မှုကြောင့်
ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် တွင်ကျယ်စွာတင်ပို့မှု
မပြုနိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား