img.emoticon { padding: 0; margin: 0; border: 0; }

Sunday, September 30, 2012

ချေးငွေဒေါ်လာ သန်း ၉၀၀ ထိ ထပ်မံ ထုတ်ချေးရန် စဉ်းစားနေ

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့တို့က ချေးငွေဒေါ်လာ သန်း ၉၀၀ ထိ ထပ်မံ ထုတ်ချေးရန် စဉ်းစားနေ


မြန်မာနိုင်ငံကို ငွေချေးထားသည့် အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ
အဖွဲ့(IMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့က မြန်မာနိုင်ငံကို ချေးငွေအမေရိကန်ဒေါ်လာသန်း ၉၀၀ အထိ ထပ်မံထုတ်ချေးပေးသွားရန် စဉ်း စားနေသည်ဟု ဂျပန်နိုင်ငံ၏ နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei က ဖော်ပြလိုက်သည်။

အဆိုပါအဖွဲ့အစည်းများက တိုကျို၌ မကြာမီပြုလုပ်မည့် IMF အ စည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၄င်း တို့၏ အထောက်အပံ့ချေးငွေများကို အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော် အထိ ထပ်မံထုတ်ချေးပေးရန် စီစဉ်နေခြင်းဖြစ်သည်။
https://www.facebook.com/ElevenMediaGroup

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား