img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, August 21, 2012

Disaster Management


by Myanmar Medical Community on Tuesday, August 21, 2012 at 12:13pm ·

     ၂၀၁၂ သြဂုတ်လဆန်းပိုင်းက တောင်တရုပ်ပင်လယ်မှာ ဖြစ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ခုရက်ပိုင်းအတွင်းမှာတော့ လားရှိုးလိုတောင်ပေါ်ဒေသမှာပါ မိုးရေချိန်များလွန်းလို့ ရေဘေးဒုက္ခရောက်ကြတဲ့ သတင်းတွေ ဓါတ်ပုံတွေပါ မြင်လာရပါတယ်။
စပါးစိုက်လယ်မြေဧက (၅၀၀၀၀၀) လောက် ရေနစ်မြုပ်နေပြီး အိမ်ထောင်စုပေါင်းများစွာ လူဦးရေများစွာ ရေဘေးကြောင့် အတိဒုက္ခရောက်နေပြီလို့ သိရပါတယ်။ စပါးမစိုက်နိုင်တဲ့ လယ်ဧက ငါးသိန်းကျော်ဆိုတာ တဧက တင်း (၄၀) ခန့်မှန်းထွက်နှုန်းနဲ့ ဆိုရင်တောင် အထွက်ထိခိုက်မယ့် စပါးဟာ တင်းပေါင်း သိန်း (၂၀၀) အထက်ရှိမယ်လို့ အကြမ်းခန့်မှန်းနိုင်ပါတယ်.။
ဒီမိုးရာသီအတွက် သိမ်းဆည်းသိုလှောင်ထားတဲ့ ဝမ်းစာ စပါးတွေပါ ရေနစ်မြုပ်မယ်ဆိုရင် ဆုံးရှုံးမှု ပမာဏဟာ အနည်းအကျဉ်း မဟုတ်ပါဘူး။ အသက်အိုးအိမ် စည်းစိမ်တွေ အရပ်ရပ်ဆိုရင် အတော်လေး များတဲ့ ဆုံးရှုံးမှုပါပဲ..။ ဒါဟာ Natural Disaster တစ်ခု National Crisis တစ်ခုလို့တောင် ဆိုနိုင်မယ်ထင်ပါရဲ့.။
တစ်နေ့တစ်နေ့ Facebook မှာ ကြည့်လိုက်ရင် လူငယ်ကလေးတွေဟာ မိမိတို့ ကိုယ်ပိုင်အသိတရားတွေနဲ့ တစ်နိုင်တစ်ပိုင် ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ ကျွန်တော်စာဖတ်ချိန်နည်းတာကြောင့်ပဲလား. မဆိုနိုင်ဘူး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး (Relief operation on crisis) လုပ်နေတာတွေကို မတွေ့ရတော့စိတ်ထဲမယ် ဘဝင်မကျလှပါဘူး..။
၂၀၀၈ မေလ (၂-၃) မှာ တိုက်ခတ်ခဲ့တဲ့ Nargis မုန်တိုင်းကာလမှာတော့ Natural Disaster အတွက်
ကယ်ဆယ်ရေးလုပ်နိုင်ဖို့ နိုင်ငံတော်အဆင့် လုပ်ငန်းကော်မတီ ဖွဲ့တယ်လို့ မှတ်သားမိဖူးပါတယ်.။ အခုအချိန်မှာ အဲဒီ ကော်မတီ (National Level) ဆက်လက်ရှိနေသလား အသက်ဝင်နေသလား အသက်ငင်နေသလား မဆိုတတ်ပါဘူး။
တစ်နိုင်တစ်ပိုင် တတ်အားသရွေ့လုပ်ကိုင်နေကြတဲ့ လူငယ်လေးတွေ ကြည့်ပြီးတော့ စာရေးချင်စိတ်ဖြစ်ပါတယ်။ Natural Disaster and Disaster Management နဲ့ ပတ်သက်လို့ ကိုယ်သိထား တတ်ထားသလောက် ဗဟုသုတအနေနဲ့ မျှဝေချင်တဲ့ စေတနာပါ။ Crisis Management ကို ကျယ်ကျယ်ပြန့်ပြန့် မြင်ထားရင် နောင်အခါ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ Vision ရှိမယ်..။ Mission ကို သေသေချာချာ ရေးဆွဲနိုင်မယ် ထိထိရောက်ရောက် စံနစ်တကျ လုပ်ကိုင်နိုင်မယ်ဆိုတဲ့ အကျိုးကို မျှော်လင့်ပါတယ်..။
ကိုယ်သိသလောက်လေး ရေးတာဆိုတော့ လိုအပ်တာတွေ မပြည့်စုံတာတွေ ရှိကောင်းရှိမယ်။ ပြောသမျှ ဟောသမျှထဲက သဘောမကျရှိခဲ့ရင်ဖြင့် မိမိတို့အိမ်ဂေဟာဌာနသို့ သည်းခံ၍သာ မှန်စွာမသွေ ပြန်ပါလေတော့ ပြန်ကြပါလေသတည်းဆိုတဲ့ ကြာနီကန်ဆရာတော်စကားကို ခဏငှားသုံးလိုက်ပါတယ်..။
Natural Disaster
A Natural Disaster is an act of nature of such magnitude as to create a catastrophic situation in which the day-to-day pattern of life are suddenly disrupted and people are plunged into helplessness and suffering, and as a result, need food, clothing, shelter, medical and nursing care and other necessities of life, and protection against unfavourable environmental factors and conditions.
သဘာဝ ဘေးအန္တရာယ်များကိုတော့ အောက်ပါအတိုင်း အမျိုးအစား ခွဲထားပါတယ်။
၁။ Meteorological Disaster..
မုန်တိုင်းများ (Hurricaine, Tornadoes, Typhone, Cyclone, Snow storm.)၊ အအေးလှိုင်းဖြတ်ခြင်း၊ အပူလှိုင်း ဖြတ်ခြင်းနဲ့ မိုးခေါင်ခြင်း.
၂။ Topological Disaster
ရေကြီးခြင်း၊ ရေခဲတောင်ပြိုခြင်း၊ မြေပြိုခြင်း (Flood, Avalanche, and landslide)
၃။ Telluric and Tectonic Disaster
မြေငလျှင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း
၎။ Accident
 တည်ဆောက်ထားတဲ့ Structure ပျက်စီးခြင်း. (ဆည်၊ လှိုင်ခေါင်း၊ အဆောက်အဦနှင့် မိုင်းတွင်းများ)၊ ပေါက်ကွဲခြင်းများ၊ မီးလောင်ခြင်း၊ ယဉ်ရထားများ အပြင်းအထန် တိုက်ခိုက်မိခြင်း (Collision)၊ သင်္ဘော နစ်မြုပ်ခြင်း၊ ရေကန်များအတွင်း အဆိပ်သင့်ခြင်း..
မုန်တိုင်း..
မုန်တိုင်းအကြောင်းပြောမယ်ဆိုရင်..အကြမ်းဖျင်းအားဖြင့်. ပိစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တာကို Hurricaine, အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပေါ်တာကို Cyclone, တောင်တရုပ်ပင်လယ်မှာ ဖြစ်တာကို Typhone လို့ ခေါ်ကြပါတယ်။ မုန်တိုင်းမှာ အပိုင်း ၂ပိုင်းရှိပါတယ်.။ လည်ပတ်နေတဲ့ လေတိုက်နှုန်း  (Gusting လို့ခေါ်တဲ့ လည်ပတ်နေတဲ့ လေတိုက်နှုန်းနဲ့ Displacement လို့ခေါ်တဲ့ မုန်တိုင်းအရွေ့ပါ).. လေတိုက်နှုန်း 100-400 Km/hr နဲ့ Displacement 50-70 Km/hr  ရှိတတ်ပြီး သည်းသည်းမည်းမည်း မိုးရွာတာနဲ့ ရေကြီးတာ ဖြစ်စေပါတယ်.။
Nargis cyclone ဟာ Category 5 ခုရှိတဲ့အနက် Category4 အဆင့်ရှိပါတယ်. Wind Speed 215Km/hr (135 mile/hr) နဲ့ အချင်းဝက် မိုင်(၁၀၀) လောက်ရှိပြီး အရွေ့ (Displacement of the storm) 15 miles/ hr နှုန်းလောက်နဲ့ တိုက်ခတ်ရာမှာ မုန်တိုင်းဗဟိုချက် (Eye of the storm) ကို ရောက်ဖို့ ရ-၈နာရီ ကြာပါတယ်။ ဗဟိုချက်ကနေ နောက်တစ်ခြမ်း ဖြတ်ဖို့ နောက်ထပ် အချိန်ညီတူ ကြာပါတယ်။ ဗဟိုချက်ရောက်လို့ လေငြိမ်ချိန်မှာ မုန်တိုင်းပြီးပြီလို့ ထင်နေခဲ့ကြပါတယ်။ တကယ်တော့ မုန်တိုင်းကို တဝက်ပဲ ဖြတ်ရသေးတာပါ..။ ဗဟိုချက်ကျော်လွန်တဲ့အခါ လေတိုက်တဲ့လားရာဟာ တောင်ဘက်က မြောက်ဖက်ကို တိုက်ရာက မြောက်ဖက်က တောင်ဖက်ကို ပြောင်းတိုက်သွားတာကို မှတ်မိကြမယ်ထင်ပါတယ်.။ မုန်တိုင်းတဝက်မှာ ပြီးပြီလို့ ထင်နေခဲ့ပြီး အပြင်ထွက်သူတွေတချို့ ထိခိုက်ကြပါတယ်။ ဗဟုသုတနဲ့ အတွေ့အကြုံ မရှိခဲ့ကြလို့ပါ။ (Nargis မှာ တွေ့ကြုံခံစားခဲ့တာ ဖြတ်သန်းခဲ့တာ ကယ်ဆယ်ရေးလုပ်ခဲ့တာတွေကို မှတ်တမ်းမှတ်ရာ အနေနဲ့ Nargis Diary လို့ ရေးမယ် စိတ်ကူးထားခဲ့တာ ၅နှစ်တောင် ရှိတော့မယ်. ခုထိ မရေးဖြစ်သေးဘူး။ ရေးဖြစ်ဖို့ ကြိုးစားပါဦးမယ်)။
Cyclone မုန်တိုင်းတွေဟာ အီကွေတာ အထက်အောက် ၇ဒီဂရီနဲ့ ၁၅ ဒီဂရီကြားမှာသာ ဖြစ်ပေါ်လေ့ရှိပါတယ်.။ တစ်နှစ်တစ်နှစ်ကို ပျမ်းမျှ Cyclone မုန်တိုင်း (၄၀) လောက် အဲဒီဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
ရေကြီးခြင်း.(Flood)
ရေကြီးခြင်းကတော့ မိုးရေချိန်များလွန်းတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု ဒါမှ မဟုတ် နှင်းတောင်များ အရည်ပျော်မှုကြောင့် ဖြစ်ပါတယ်.။ တစ်ချို့ဒေသမှာတော့ ဒီရေတက်ရာက အနိမ့်ပိုင်းတွေ ရေလွမ်းမိုးခံရတာမျိုးလည်း ဖြစ်ပါတယ်.။ ၉မီတာလောက် မြင့်တက်နိုင်တဲ့ဒီရေဟာ မြေနိမ့်ပိုင်းဒေသတွေမှာ ကီလိုမီတာ ၁၀၀ လောက်အကွာအဝေးအထိ ရေကြီးမှုတွေ ဖြစ်တတ်တယ်လို့ဆိုပါတယ်.။
စာရှည်မှာမို့ ကျန်တာတွေ ချန်ထားရစ်မယ်။
သဘာဝ ဘေးအန္တရယ်အတွက်  (Disaster Management) တွေ လုပ်ကြရာမှာ အပိုင်း (၃) ပိုင်းရှိပါတယ်။
  1. Pre-disaster Measure
  2. Disaster Measure
  3. Post- Disaster Measure ဆိုပြီး အပိုင်း (၃) ပိုင်းရှိပါတယ်.။
Pre-disaster Measure
Pre-disaster Measure မှာ ဘေးအန္တရာယ် မကျရောက်ခင်ကတည်းက ကျရောက်တတ်တဲ့ ဘေးအန္တရာယ်အတွက် ကြိုတင်စီမံချက်ရှိရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ပြည်သူတွေ ၊ ရိက္ခာပစ္စည်း ယန္တရားတွေနဲ့  ဝန်ဆောင်မှုတွေ ( Manpower, Material and Services)၊ ဘယ်လိုစုဆောင်းထားမယ်.။ ဘယ်ကရနိုင်မယ်မယ်ဆိုတာတွေ ကို စီမံချက်ရေးဆွဲထားရပါမယ်။
အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ လုံလောက်တဲ့ သတိပေးထုတ်ပြန်ချက် (Adequate warning System)ပါပဲ။ အဲဒီလို လုပ်နိုင်မှ ဘေးအန္တရာယ် မကျရောက်ခင် လူအမြောက်အများကို ဘေးကင်းရာကို ရွေ့ပြောင်းပေးနိုင်မှာမို့ ဘေးအန္တရာယ်ရဲ့ သက်ရောက်မှု ဆိုးကျိုးကို အနည်းဆုံး ခံစားရမှာ ဖြစ်ပါတယ်.။ ရွေ့ပြောင်းနိုင်တာတွေကို အချိန်မှီ ရွေ့ပြောင်းနိုင်မှာမို့ ပျက်စီး ဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်အောင် ဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါတယ်။ အစိုးရတာဝန်ရှိသူတွေ ကယ်ဆယ်ရေးဝန်ထမ်းတွေ (တပ်မတော်၊ ကြက်ခြေနီ ၊ မီးသတ်)၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြည်သူတွေဟာ အရေးပေါ် အချိန်မှာ အပြန်ပြန်အလှန်လှန် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ရနိုင်သမျှ Resources တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ ညှိနှိုင်းလေ့ကျင့်ပြင်ဆင်ထားဖို့လိုပါတယ်။
သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကျရောက်တော့မယ်ဆိုတာ ကြိုတင်သိနိုင်ခဲ့ရင် ကျွန်တော်တို့ အနေနဲ့ သတင်းပေးဖြန့်ဝေတဲ့အပိုင်းကို ဘယ်သူမှ တာဝန်မပေးပဲ တစ်နိုင်ထမ်းဆောင်နိုင်ပါတယ်.။
သဘာဝ ဘေးအန္တရာယ် တစ်ခုချင်းစီအနေအတွက် ကြိုတင် ပြင်ဆင်ထားဖို့အတွက်ဆိုရင်တော့..
မုန်တိုင်း (Storm)
၁။ လေကာနိုင်တဲ့ အမြစ်ရှည် အပင်များ၊ လေတိုက်တဲ့အခါ အလွယ်တကူ မလဲနိုင်တဲ့ အပင်များ စိုက်ထားဖို့်.
၂။ အဆောက်အဦ ဆောက်စဉ်အခါမှာ  Design သေသေချာချာ ရေးဆွဲထားဖို့၊ Foundation ကောင်းဖို့ တိုင်များနံရံများ ကြံ့ခိုင်ဖို့၊ မှန်ကန်တဲ့ ပစ္စည်းအရည်အသွေးနဲ့ စံနှုန်းမီ ဆောက်ထားဖို့
၃။ မကြံ့ခိုင်တဲ့အဆောက်အဦများကို ပြင်ဆင်ထားဖို့ ပြင်ဆင်မရနိုင်တော့တာကို ဖြိုချဖျက်ဆီးဖို့.
၎။ ရေလွမ်းမိုးရောက်နိုင်တဲ့နေရများမျာ သဲအိတ်များနဲ့ အရံအတားပြုထားဖို့
၅။ ပြူတင်းပေါက်များ ခိုင်ခန့်အောင် ပြုပြင်ထားဖို့
၆။ အန္တရာယ် ဖြစ်နိုင်တဲ့ လဲသွားနိုင်တဲ့ အပင်များရှိရင် ခုတ်ထွင်ရှင်းလင်းထားဖို့ (ဓါတ်တိုင်အနား၊ ပြူတင်းပေါက်အနား)
၇။ လေနဲ့အတူ လွင့်နိုင်တဲ့အရာများသိမ်းဆည်း (သို့) ခိုင်ခန့်အောင်ပြုထားဖို့ ( ရေတိုင်ကီများ ရေဖြည့်ထား)
ရေကြီးခြင်း ရေလွှမ်းမိုးခြင်း.(Flood)
၁။ ရေကာတာများ ရေတားနံရံများ တည်ဆောက်ထားဖို့
၂။ ရေဆင်းမြောင်း ရေထုတ်မြောင်းများ ကောင်းမွန်အောင် ပြုပြင်တည်ဆောက်ထားဖို့ လိုပါတယ်
မြေငလျှင်.(Earthquake)
၁။ အဆောက်အဥိ အနီးပတ်ဝန်းကျင်မှာ မြေလွတ်အနည်းငယ် ချန်ထားပြီး တည်ဆောက်ထားရပါမယ်။
၂။ အဆောက်အဦ Design, foundation ကောင်းမွန်ခိုင်ခန့်ဖို့၊ မှန်ကန်တဲ့ တည်ဆောက်မှုနည်းပညာနဲ့ ဆောက်လုပ်ရေးပစ္စည်းအရည်အသွေး သုံးစွဲတာ၊ တိကျတဲ့ စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်တာမျိုး
၃။ အိမ်မျက်နှာကျက်မှာ တိုးလို့တွဲလောင်းချိတ်ဆွဲအလှဆင်တာမျိုး တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ရွေးချယ်မွမ်းမံတာမျိုး.. ဒါတွေလိုပါတယ်.
တဆက်တည်းမှာ Major Earthquake ဖြစ်ပြီး မပြိုပျက်တဲ့ အဆောက်အဦတွေကို လေ့လာဖို့ လိုပါတယ်.။
မတော်တဆဖြစ်ပွားခြင်းနှင့် မီးဘေး (Accident and Fire)
၁။ မီးလောင်မလွယ်တဲ့ မီးဘေးဒါဏ်ခံနိုင်တဲ့ အဆောက်အဦးအကာအရံများရွေးချယ်သုံးစွဲတာ. (ဥပမာ သစ်သားလှေကား ပြူတင်းပေါက်များအစား အုတ်လှေကား အလျူမီနီယံ ပြူတင်းပေါက်)
၂။ မီးသတ်ဆေးဘူးအသင့်ဆောင်ထားတာ.. မီးလောင်လျှင်သုံးရန် ရေလှောင်ထားတာမျိုး ( water tank များကို အမြဲရေဖြည့်ထားတာမျိုး)
၃။ မီးသတ်နိုင်ဖို့ သေသေချာချာ လေ့ကျင့်သင်ကြားထားရပါမယ်.။ Rehearsal မကြာမကြာ လုပ်ရပါမယ်။
ဒီလိုတွေ ပြင်ဆင်ထားဖို့ လိုတဲ့အပြင်..
Warning and Alert (ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း)
သဘာဝ ဘေးအန္တရာယ်များဟာ အဓိက အားဖြင့်တော့ မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်လေ့ရှိပါတယ်.။ လူထုအနေနဲ့ မိုးလေဝသဆိုင်ရာ ဗဟုသုတ အခြေခံလောက် ရှိဖို့လိုပါတယ်.။ မြစ်ရေကြီးမယ်. ဒီရေတက်မယ်. မုန်တိုင်းရှိမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်လေးတွေတော့ သိထားဖို့လိုပါတယ်။ အခုခေတ်မှာ မိုးလေဝသ ဂြိုလ်တုတွေကြောင့်  ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင် ခန့်မှန်းသိရှိနိုင်ပြီ ဖြစ်ပါတယ်.။ မြေငလျှင်ကို ကြိုတင်မသိနိုင်ပေမယ့် မီးတောင်ပေါက်တော့မှာ ဆူနာမီ လှိုင်း ရိုက်ခတ်တော့မှာကိုတော့ ကြိုတင်ခန့်မှန်းသိနိုင်ပြီ ဖြစ်ပါတယ်.။ တချို့အန္တရာယ်ကို  ရက်အနည်းငယ် တချို့ကို နာရီအနည်းငယ် ကြိုတင်သိနိုင်ပြီ ဖြစ်ပါတယ်..။
ဒီလိုသိရှိလာတဲ့ Impending disaster message ကို အန္တရာယ်ဇုန်အတွင်းမှာ ကျရောက်နေတဲ့ အများပြည်သူကို အမြန်ဆုံး အသိပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်.။ ရေဒီယို တီဗီ.. တယ်လီဖုန်း စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အထိရောက်ဆုံး အမြန်ဆုံး အသုံးချရမှာ ဖြစ်ပါတယ်.။ ဒီလို အသိပေးချက်ကို လျှင်လျှင်မြန်မြန် အသုံးချနိုင်ဖို့ ဆက်သွယ်ရေး ကွန်ယက်ကိုလည်း ကြိုတင်တည်ဆောက်ထားရပါမယ်..။ (ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် အိမ်သာနက်ကြီးလိုပေါ့)
အရင်ခေတ်တွေမှာတော့ မီးခိုး အလံ အသံ အလင်းရောင် ဆက်သား စတာတွေနဲ့ သတင်းဖြန့်ချိခဲ့ကြသလို လေယာဉ်ကနေ မီးကျည်မီးပန်း .. စာဖြန့်ဝေချထားတာမျိုးလည်း ရှိခဲ့ပါတယ်..။
အရေးကြီးဆုံး အပိုင်းကတော့ ဖြန့်ဝေရရှိလာတဲ့ အန္တရာယ်သတိပေးချက်အရ လူအမြောက်အများကို ဘေးလွတ်ရာ အန္တရာယ်ကင်းရာနေရာကို အလျှင်မြန်ဆုံး ရွေ့ပြောင်းဖို့ပါပဲ..။ ( The alert operation should be  achieved by Mobilization of the public at FULL STRENGTH  and SPEED) လို့ ဆိုပါတယ်.။ ဒီလို ဦးတည်ချက် အောင်မြင်ဖို့ရာ လူထုမှာ အပြန်ပြန် လေ့ကျင့်ထားမှု ပြင်ဆင်ထားမှု ရှိရပါမယ်.။ ဘေးအန္တရာယ် မကျရောက်ခင် ကျရောက်နေဆဲနဲ့ ကျရောက်ပြီးချိန်တိုင်းမှာ တိကျတဲ့ ညွှန်ကြားချက်တွေကို လိုက်နာ နေထိုင်တတ်အောင်လေ့ကျင့်သင်ကြားထားဖို့ လိုပါတယ်..။
Evacuation. (ရွေ့ပြောင်းခြင်း)
ကျရောက်လာတော့မယ့် ဘေးအန္တရာယ်ကြောင့် လူအများကို ဘေးလွတ်ရာနေရာ ကယ်ဆယ်ရေးစခန်းကို ရွေ့ပြောင်းရာမှာ လူအမြောက်အများ ရွေ့နိုင်ရမယ်.. . ကြိုတင်ရွေးချယ်ထားတဲ့ အနီးဆုံးနေရာ ဖြစ်ရမယ်.. အချိန်မှီ ပြီးစီးရမယ်. ဆိုတဲ့ အချက်သုံးချက် ပြည့်စုံရပါမယ်.။
လူအများဟာ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်ခွာသွားဖို့ အလွန် ဝန်လေးတတ်ပါတယ်။ သူတို့နားဝင်အောင် ပြောဆို ဆောင်ရွက်နိုင်ရပါမယ်.။
ပြီးပြည့်စုံတဲ့ စီမံချက်မှာ ရွေးချယ်ထားတဲ့ ဘေးကင်းဇုန် (သို့) ကယ်ဆယ်ရေးစခန်းဟာ အစားအစာ၊ သောက်ရေသုံးရေ၊ အဝတ်အထည် နေရာထိုင်ခင်း အရေးပေါ်ဆေးဝါးပြည့်စုံရမှာ ဖြစ်သလို စံနစ်တကျ အညစ်အကြေးစွန့် ပစ်တဲ့ အသေးစိတ်အကြောင်းအရာများပါ ပါဝင်ပါတယ်။
Education of the Public.
ကယ်ဆယ်ရေးစခန်း ဘေးကင်းဇုံမှာ ခေတ္တခိုလှုံနေစဉ်မှာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်တတ်ဖို့ အမှိုက်နဲ့ အညစ်အကြေးများကို စံနစ်တကျ စွန့်ပြစ်တတ်ဖို့ စတဲ့ ညွှန်ကြားချက်တွေကို ရိုက်နှိပ်ဖြန့်ဝေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီညွှန်ကြားချက်တွေကို ရှင်းရှင်းလင်းလင်း ရေးသားတာမျိုး ပုံဆွဲပြထားတာမျိုးနဲ့ ပြင်ဆင်ထားရပါမယ်.။
Disaster Measure.
အဲဒီအချိန်ကာလဟာ ငလျှင်လှုပ်ခတ်တာမျိုးဆိုရင် စက္ကန့်ပိုင်းလောက် ဖြစ်ပေမယ့် ရေကြီးတာမျိုးဆိုရင်တော့ သီတင်းပတ်အနည်းငယ်ကနေ လနဲ့ချီ ကြာတတ်ပါတယ်.။ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအနေနဲ့တော့ လူတွေကို ဘေးလွတ်ရာရွေ့ပြောင်းတာ (Evacuation). ဒါဏ်ရာရသူတွေကယ်ဆယ်တာနဲ့ ပျောက်ဆုံးသူနေသူတွေရှာဖွေတာ (Resue of injuried and stranded people)၊ ဒါဏ်ရာရသူတွေကို ကုသမှုပေးတာ၊ သေဆုံးသူ၊ သေဆုံးတိရိစ္ဆာန်များကို ရှာဖွေ သဂြိုလ်တာ.၊ လောင်ကျွမ်းနေတဲ့ မီးငြိမ်းသတ်တာ.. စတာတွေပဲ ဖြစ်ပါတယ်..။
Post-Disaster Measure.
ဒီအပိုင်းအခြားဟာ ဘေးအန္တရာယ် ကျရောက်မှု ပြီးချိန်ကနေ ကယ်ဆယ်ရေးလုပ်ငန်းပြီးချိန် (Period from the end of disaster to end of relief work) အထိကို ဆိုလိုပါတယ်.။ အတိဒုက္ခရောက်သူတွေကို ကယ်ဆယ်ရမယ်.၊ ပြုစုကုသမှုပေးရမယ်. ဆက်သွယ်ရေးလုပ်ငန်းတွေ ပြန်တည်ဆောက်ရမယ်.. အစားအသောက် အဝတ်အထည် ထောက်ပံ့ရမယ်. ဆေးဝါးကုသမှုပေးရမယ်.နေရာထိုင်ခင်းစီစဉ်ပေးရမယ်. ပျက်စီးဆုံးရှုံးမှုတွေကို မှတ်တမ်းပြုစုရမယ်. ဆိုင်ရာကို သတင်းပို့ရမယ်.. စတာတွေပါပါတယ်.ဒုကသည်တွေရဲ့ ပုံမှန်နေထိုင်မှုဘဝ Daily life ပြန်ရောက်တဲ့အချိန်ထိ လိုအပ်တာတွေ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခြင်းဆိုပါတော့။
Natural Disaster တစ်ခု ပေါ်ပေါက်တဲ့အခါမှာ
ဘေးအန္တရာယ်ဟာ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးရုံတင်မကပါဘူး ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြည်သူအတွက် လုပ်ဆောင်ပေးနေတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ရံဖန်ရံခါ အထပ်ထပ်အခါခါ လေ့ကျင့်ထားတဲ့ relief operation ရဲ့ စီမံကိန်းတွေကိုပါ ဖျက်ဆီးသွားတတ်ပါတယ်.။
ဇာတ်တိုက်လေ့ကျင့်ထားတဲ့ အစိုးရဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေပါ ပျောက်ဆုံးကုန်လို့ ဆက်သွယ်ရေးလမ်းကြောင်တွေ ပျက်စီးကုန်လို့ သေသေချာချာ လေ့ကျင့်ထားတဲ့ စီမံကိန်းကြီးဟာ ဘာမှ လုပ်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်.။ ဒီလောက် အဖျက်စွမ်းအားကြီးတဲ့ ဘေးအန္တရာယ်ကို စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းငယ်ကလေးတွေသက်သက်နဲ့  ဘယ်လိုမှ ပြီးပြည့်စုံအောင် ကူညီမဆောင်ရွက်နိုင်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေ လိုအပ်ပါတယ်။ ဒီနေရာမှာ နှစ်ဦးနှစ်ဖက် အားနည်းချက်အားသာချက်တွေ ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ငွေကြေးပစ္စည်း နည်းပညာ အထောက်အပံ့ ကြီးမားပေမယ့် ရုတ်ချည်း အလျှင်အမြန် (Urgent and Immediate response) တုန့်ပြန်ဆောင်ရွက်မှု မလုပ်နိုင်ပါဘူး။ ပြည်တွင်း စေတနာ့ဝန်ထမ်း (Public organization)တွေအနေနဲ့ ငွေကြေးအင်အားနည်းပါးပေမယ့် (Human resources) များပါတယ်။ (Urgent and immediate response) ကိုတော့ ဆောင်ရွက်နိုင်စွမ်းရှိပါတယ်.။
(ဥပမာအနေနဲ့ ပြောရရင်. Nargis မှာ UN organization များ Need accessment လုပ်နေချိန်မှာ ပြည်တွင်း Local NGO တွေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတော်လေး ရှေ့ရောက်နေတာ တွေ့ရပါတယ်. သေကြေ ပျက်စီးနိုင်တဲ့အချိန်ကာလတိုလေးမှာ Local NGO စေတနာ့ ဝန်ထမ်းတွေကြောင့် ကယ်ဆယ်နိုင်ခဲ့တာတွေ အမြောက်အများ ရှိခဲ့ပါတယ်။)
အားသာချက် အားနည်းချက်တွေကို စုစည်းပြီး ပူးပေါင်းဆောင်ရွက်မှု (coordination and cooperation) နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်.။
Disaster Managementအတွက် relief committee ဖွဲ့စည်းရာမှာ state level, provincial level နဲ့ Local level စသည်ဖြင့် အဆင့်လိုက် ဖွဲ့စည်းဆောင်ရွက်လေ့ရှိပါတယ်..။
ဒီအဖွဲ့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေရယ် ဖွဲ့စည်းပုံရယ်ကို အကြမ်းဖျင်းရေးပေးပါမယ်။
Emergency relief committee ကို ကျားကန်ထောက်ပံ့ပေးဖို့အတွက်
၁. National Assistance နဲ့
၂. International and Bilateral Assistance ရှိရပါမယ်။
ဒီအဖွဲ့ သုံးစွဲဖို့ Fund ရနိုင်တဲ့ အကြောင်းအရာအနေနဲ့
၁. Ordinary Fund.  .. Regular budget ထဲက ခွဲဝေသုံးစွဲငွေ
၂. Emergency Fund.. နဂိုကတည်းက သီးသန့်ဖယ်ထားတဲ့ ရန်ပုံငွေ ဒါမှမဟုတ် အရေးပေါ် အခြေအနေမှာ ကျခံသုံးစွဲဖို့ ခွင့်ပြုလိုက်တဲ့ငွေ
၃. Non-governmental sources.. Red cross. Welfare group, အသင်းအဖွဲ့များမှ ကူညီငွေ
၎. Donation for disaster relief.. ဘဏ်စာရင်းဖွင့်လှစ်ပြီး ပြည်သူများထံမှ အလှူခံရရှိငွေ
၅. Bilateral and multilateral Sources.. အရေးပေါ် အခြေအနေကျရောက်ခဲ့ရင် အပြန်အလှန် ကူညီမယ်လို့ သဘောတူညီချက် ရယူထားတဲ့ အခြားနိုင်ငံများမှ အလှူငွေ
၆.International Sources.. UN body (WHO, UNDP, FAO,UNHCR etc)  နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ (League of Red Cross Societies) မှ ကူညီငွေ
၇. Individual donation from  governments.. အခြားတိုင်းပြည်နိုင်ငံအစိုးရမှ လှူဒါန်းငွေများ..
Donation ဆိုရာမှာ ငွေကြေးသော်လည်းကောင်း တတ်ကျွမ်းပညာရှင် နည်းပညာ စက်ပစ္စည်းကိရိယာ အစားအသောက်ဆေးဝါး စတဲ့ ပုံစံအမျိုးမျိုးနဲ ကူညီထောက်ပံ့မှုတွေ ဖြစ်ပါတယ်.။
Manpowerအနေနဲ့ တကယ်ထိထိရောက်ရောက်လုပ်ကိုင်နိုင်တာကတော့ တပ်မတော် ရဲတပ်ဖွဲ့နဲ့ ကြက်ခြေနီပါပဲ။ အမိန့်နာခံမှု။ ဖွဲ့စည်းပုံ စံနစ်တကျရှိမှု . ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေး အစစပြည့်စုံမှု (Well organized and equipped) ဖြစ်တာမို့ Disaster တစ်ခုဖြစ်ရင် အားပြုရတာကတော့ တပ်မတော်ပါပဲ.။
Emergency relief committee ရဲ့ကွပ်ကဲမှုအောက်မှာ
က. Responsibilities of government agencies
ခ. Responsibilities of  National Red Cross and other Voluntary societies.. ရှိပါတယ်.
က. Responsibilities of government agencies ရဲ့ လုပ်ဆောင်ရမယ့်တာဝန်များကတော့
၁. Protection of persons and properties..
(Warning, Peremptory evacuation, Rescue, Public health and sanitation, Maintenance of law and order, Disposal of dead, Fire precaution and  protection, Designation of hazardous building, Traffic control)
၂. Provision of usual community service
(Welfare and health, Public institution, Public communication, Public Transport, Removal of debris, Recovery of unclaimed property, Inspection of building)
၃. Restoration of public properties
(Water Supply system, Sewage system, Electricity and gas supply, Public building and installation, Street high way and bridge, Other public Works.)
ခ. Responsibilities of  National Red Cross and other Voluntary societies ရဲ့ တာဝန်များကတော့..
၁. Assistance to disaster- affected individual and families
(Shelter, Food, Clothing, Medical Nursing and sanitation, Family service including information welfare inquires and rehabilitation )
၂. Supporting service
(Survey, communication, Transport, Supplies, Assistance to local government authority with rescue and evacuation)
အထက်ပါ ဖော်ပြချက်အတိုင်း တာဝန်များကို ခွဲဝေထားပါတယ်..။
အခုလောက်ဆိုရင် ကယ်ဆယ်ရေးလုပ်ကိုင်နေကြတဲ့ ညီငယ်ညီမငယ်ကလေးများ အနေနဲ့ Disaster Management နဲ့ပတ်သက်လို့ Structure and Guideline ကို အကြမ်းဖျင်း သဘောပေါက်မယ်လို့ ထင်ပါတယ်.။ ကိုယ်လုပ်နိုင်တဲ့အပိုင်း၊ မလုပ်ရမယ့်အပိုင်း ဝင်ရောက်ပံပိုးကူညီနိုင်မယ့်အပိုင်းကို ခွဲခွဲခြားခြား မြင်နိုင်မယ်လို့ ယူဆပါတယ်.။ Distribution of the relief material နဲ့ ပတ်သက်လို့ အများအားဖြင့် လက်လှမ်းမီရာနေရာတွေကိုသာ  အဖွဲ့အသီသီး သွားရောက်ဖြန့်ဝေချထားတတ်တာမို့ Overlapping ဖြစ်တာနဲ့ Drop-out ဖြစ်တာမျိုး.. အနားကပ်နေပြီး မမြင်လို့ မပေးမိ ကျန်ရစ်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ဖြေရှင်းဖို့ တစ်ခါတရံမှာ အစိုးရအဖွဲ့ Central relief committee က လှူဒါန်းပစ္စည်းတွေကို သူ့ဆီမှာ လာရောက်စုပုံအပ်နှံစေပြီး. စံနစ်တကျ ခွဲဝေပေးတာမျိုး လုပ်တတ်ပါတယ်.။ မသိနားမလည်ရင်တော့ အထင်လွဲမှားတာမျိုး အလွဲသုံစားလုပ်တယ်လို့ ထင်မိတတ်ပါတယ်.။
အကြံပြုချင်တာကတော့..
  1.  Fund raising body ဖွဲ့ပါ။
  2. ရထားတဲ့ Fund ထဲကနေ Emergency fund အနေနဲ့ ဖယ်ထားနိုင်ရင် ဖယ်ထားပါ။ Disaster  ဖြစ်ပွားမှ Fund စုဆောင်းနေရင် နောက်ကျတတ်ပါတယ်.
  3. Implementing Body ဖွဲ့ပါ။
  4.  Information, Need assessment ကို အသေအချာလုပ်ပါ။ အမြန်ဆုံးလုပ်ပါ။
  5.  ကူညီထောက်ပံ့မယ့် Sector ကိုရွေးပါ။ (Medical care, Provision of food or cloth, Water sanitation, Shelter, Education  စသည်ဖြင့်)
  6. သွားရောက်ဆောင်ရွက်ရမယ့် ဒေသကို သေသေချာချာ ရွေးချယ်ပါ။
  7.  Money, Manpower and Material and equipment Resources တွေ ဘယ်မှာရနိုင်တယ်ဆိုတာ အမြဲ လေ့လာထားပါ။
  8.  Local Authority နဲ့ ပူးပေါင်းဆောင်ရွက်တတ်ပါစေ။
  9.  Operation cost က အများအားဖြင့် ၂၀ ကနေ ၄၀ရာခိုင်နှုန်းရှိတတ်ပါတယ်။
  10.  Report and Return ရှိပါစေ။
  11.  Record Keeping (Document, photo) ရှိပါစေ။
  12.  ဘယ်အချိန်မှာ operation ကို အပြီးသတ်မယ်ဆိုတာ ဆုံးဖြတ်ထားရပါမယ်။ (Termination of activity)
  13.  ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ပါ။
  14.  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်အောင် ကြိုးစားပါ။ (Establish interpersonal relationship with other organization)။ နောင်တစ်ချိန် relief operation လုပ်ဆောင်ဖို့ အကြောင်းပေါ်ပေါက်တဲ့အခါ ညှိနှိုင်းဆောင်ရွက်နိုင်ပါလိမ့်မယ်။ Sector နဲ့ Area ကို ဖြန့်ပြီး ခွဲဝေပြီး လုပ်နိုင်ပါလိမ့်မယ်။
  15.  Activity ပြီးဆုံးတဲ့အခါ ကျေးဇူးတင်စာ တစ်စောင်တော့ရေးဖြစ်အောင်ရေးပါ။
Nargis မုန်တိုင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့အလုပ်အတွက် ရေးခဲ့တဲ့ ကျေးဇူးတင်စာတစ်စောင်ကို နမူနာ ပြပါရစေ..
 =====================================================
                                                                                                                        20th July 2008
Dear all of our friends, relatives, contributors and participants,
Since deadly cyclone Nargis hit the Ayarwaddy and Yangon Division in Myanmar on 2nd and 3rd May 2008, it swept away many properties and tens and thousands of life, remained millions homeless and helpless. So we have faced a huge humanitarian catastrophe. We have received many words of condolence through various communication and financial assistance to perform relief operation for the victims. We are so delighted for that kind of support.
On May 9th, 2008, we made an emergency meeting in office of Myanmar Health Assistant Association, an authorized local NGO. On 10th May, we agreed to form a relief team of joint action, made urgent need assessment and recruitment, outlined strategy, and detailed plan of action for emergency relief operation. The members of which are as followed;
Organizing Committee
1. U Zaw Win (Fund Raiser, Mya Bayin Dairy Plant)
2. Dr. Kyaw Thin (Fund Raiser, Advisor MHAA)
3. Dr. Maung Maung Myint (Fund Raiser, Advisor)
4. U Aung Khin (President, MHAA)
5. U Pan (CEC, MHAA)
6. U Than Win (Joint Secretary, MHAA)
We have decided to operate an emergency relief effort to cyclone victims via 2 months assignment. We deeply and heartily appreciate and are highly thankful to all our friends, relatives, contributors and participants for your kind and generous humanitarian assistance as well as your restless effort. We sincerely acknowledge that we cannot perform any relief operation without your great contribution and energetic participation.
On 13th May, we could establish 5 station clinics and one mobile clinic in following townships.
1. Myaung Mya Clinic: Jude factory
2. Myaung Mya Clinic: (State High School No.3)
3. Kwan Chan Gon Clinic
4. Kwan Chan Gon Mobile Clinic
5. KyeeMyinDaing Clinic
6. Aung San Clinic
At that Moment UNICEF reinforced us by supplying Essential Drug Kit A, Essential Drug Kit B, Emergency Drug Kit and plenty of GE Packets.
 The Activities of the clinic includes;
            Primary Health Care
            Environmental Sanitation
            Water Purification and safe water supply
            Additional Food and Cloth Supply
            Immunization
            Nutrition care
            Disease control and surveillance
            Report and return.
The total number of patient treated by clinics from 13th may to 15 July 2008.
         Clinic                                       under 5           over 5             totals
1. MM (Jude factory)                           775                  3204                3979
2. MM (SHS 3)                                      74                     712                   786
3. Kwan Chan Gon                              358                  2569                 2927
4. Kwan Chan Gon Mobile Clinic            160                  1711                 1871
5. KyeeMyin Daing                                234                 1006                 1240
6. Aung San Clinic (head Quarter)         812                 2923                  3735
                             Total                    2408              12130               14538
Antenatal Care
The clinic performed antenatal care for 33 pregnant ladies, 3 were referred to hospital and successful delivery of newborns.
Immunization
ATT immunization               14 pregnant mothers
UCI under 1                        17 children
UCI under 5                        40 Children (measles)
Additional Food and Cloth Supply
We have supplied one meal (dinner and lunch) for 2300 refugees in Myaung Mya camp on 22nd May 2008 and donated 36 bags of cloths for them.
Water Purification
1. Preemptive chlorination of the drinking water resources has been done around all clinics.
2. Water resources from 15 State High Schools_ which were occupied by refugee camps_ were chlorinated after the closure of the camps.
3. We provided enough fuel to pump out sea water from polluted ponds (11 ponds) in KwanChan Gon Township. After pumping, we chlorinated all the ponds for drinking after rain water was collected again in them.
4. An operator with 5 suction pumps (3") _ the pumping rate of which is 60000 gallons per hour_ was sent to Labutta Township by the request of UNICEF on 27th May. During one month assignment we have pumped out 102 wells and ponds from 11 villages around Labutta which were all polluted by sea water. UNICEF will continue the operation for next 3 months in that area.
Role of Ceramic Filter
ThirstAid an NGO focused on safe drinking water, provided 10 units of ceramic water filter for our teams.  We deeply appreciated for that assistant because we were very concerned with the survival of our medical teams in disaster zone. This support is so useful for our teams as well as for the victims.
Successful Termination 
Because of the rapid response, effective care and strategic performance of all clinics, UNICEF appreciated our activities and offered partnership cooperation. According to that agreement, UNICEF and MHAA perform joint action named "Post Cyclone Assistant Project" which has handed over 5 clinics except KyeeMyinDaing and expended these activities for next 6 months to cover 12 townships and recruited 79 HAs. So we have to keep only one clinic, which is now assigned to extend for next 3 months under our guidance. We would like to thank UNICEF for expending of relief effort in broader scope.
Provision of Plumpy Nut packet
We provided highly nutritious plumpy nut packets to under five children who have Orange and Red Mid Arm Circumference (dangerous malnutrition status), and referred some children to district hospital for better management. (The plumpy Net Packets are supplied by UNICEF.)
Supply of Family kit
A team, guided by Mon Myat Thu, went to Bogalay on 23rd June and distributed 400 family kits which include essential items as well as farming equipments for each and every household in 14 villages. Here we deeply appreciate "Mon Myat Thu Group" (The group of noble ones) who prepared all necessary arrangements, and contributed energetic, patient, strenuous, laborious and deliberate participation for smooth delivery of this assistance to the most vulnerable victims.
Supply of “Rain Water Collection Set for Drinking”
Since 8 to 12 meter high tide was flooded to all low land area during cyclone, all the drinking water resources were polluted by sea water and as a result, the problem of drinking water is a great challenge for relief operations as well as for victims. We have developed a rain water collection set, cheap (2.5 USD per unit), effective, and efficient. We distributed more than 1200 units to those townships_ Labutta, NgaPuTaw, Dedaye, Bogalay, KwanChanGon, MawLamyaingGyun and PhyarPon. At least 6000 population will not face drinking water problem during rainy season.
Here, we would like to thank ThirstAid and Myanmar Friendship Foundation who took part in contribution and distribution of RWCS to their targeted area.
Conclusion
Again we, on behalf of cyclone victims, not only appreciate your sympathy to the victims, but also express the word of gratitude to all of you, because our mission could not be successfully carried out without your contribution and participation.
We sincerely believe that we have done a great job although our performance is not sufficient to cover a lot.
We hope all of you satisfy by what we have done together. Still, this cataclysm will be recorded in our memoirs with mixed feeling of grievance and satisfaction.
And we pray that may it be once in life time experience, but we are glad to take part in....
With thanks.
Best regards,
Dr. Maung Maung Myint.
Organizing Committee.
 ======================================================
တစ်ချိန်ချိန်မှာ ကိုယ်ရေးခဲ့တဲ့သမိုင်းအတွက် တိတ်တဆိတ် ပီတိ ဖြစ်နိုင်ပါစေ..
စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါရစေ။
မောင်မောင်မြင့်
(၂၁ သြဂုတ် ၂၀၁၂)
Ref: Guide to sanitation in Natural Disaster (WHO)
Photo: Credit to Wikipedia
http://en.wikipedia.org/wiki/Cyclone_Nargis#Further_reading

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား