နေပြည်တော် ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်ရှိ လေးကျွန်းစင်္ကြာ
ဘုရားရင်ပြင်တွင် သြဂုတ်လ ၂၈ ရက်နေ့က ရဲအရာရှိတစ်ဦး မိမိကိုယ်မိမိ
မီးရှို့သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ
သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင် နေပြည်တော် ပျဉ်းမနားမြို့၊
ရွာကောက်အုပ်စု၊ ပန်းခင်းရပ်၊ ရွှေဗျိုင်းအင်းဘုန်းကြီးကျောင်းနှင့် ကိုက်
၂၀၀ ခန့်ဝေးသော မဟာလေးကျွန်းစင်္ကြာ ဘုရားရင်ပြင် အရှေ့ဘက်မုဒ်
အုတ်နံရံအတွင်းဘက်တွင် အမည်မသိ အမျိုးသားတစ်ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း ရင်ပြင်တော် သန့်ရှင်းရေးလုပ်နေသူတစ်ဦးမှ တွေ့ရှိရ၍
လေးကျွန်းစင်္ကြာ ဆရာတော်က ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
''ဦးဇင်းတို့ မဟာလေးကျွန်းစင်္ကြာ အရှေ့ဘက်မုဒ် ညာဘက်ခြမ်း
၁၁နာရီ မိနစ် ၄၀ လောက်မှာ ရင်ပြင်ပေါ်မှာ သန့်ရှင်းရေး ဒကာတစ်ယောက်က
လာပြောတာ။ ဦးဇင်းလည်း သိသိချင်း ရပ်ကွက်လူကြီးရယ်၊ ရဲစခန်းရယ်ကို ချက်ချင်း
အကြောင်းကြားလိုက်တယ်။ ဒါပေမယ့် အချိန်က နည်းနည်းကြာတယ်။ ရောက်မလာတာနဲ့
နယ်ထိန်းဆီကို လှမ်းဆက်လိုက်တယ်။ နယ်ထိန်းလည်း ချက်ချင်းရောက်လာတယ်။
နယ်ထိန်းရောက်လာမှ နယ်ထိန်းနဲ့ ဦးဇင်း တက်ကြည့်တယ်။ တက်ကြည့်လိုက်တော့
ထိုင်လျက်အနေအထား၊ ပြီးတော့ မီးလည်း လောင်ထားတယ်။ ဦးဇင်းတို့ရဲ့
ညောင်ပင်အနောက်ဘက်ခြမ်းခေါင်လောက်အထိ မီးဟပ်ထားတာ တွေ့ရတယ်။ ပြီးတော့
ရဲဌာနက သေမှုသေခင်းအရ ဆက်လက်ဆောင်ရွက်နေပါတယ်'' ဟု လေးကျွန်းစင်္ကြာဆရာတော်
ဦးတိလောကာလင်္ကာရက မိန့်ကြားခဲ့သည်။
၎င်းဖြစ်စဉ်ကို နေပြည်တော်ပျဉ်းမနားရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၆/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါအမှုအား
စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ သူများပယောဂကြောင့် မဟုတ်ဘဲ မိမိကိုယ်မိမိ
မီးရှို့သတ်သေခဲ့ခြင်းဖြစ်ပြီး ယင်းသေဆုံးသူမှာ နေပြည်တော်၊
ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ဝင်းမြင့်သန်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းမှ
သိရသည်။
အဆိုပါသေဆုံးသူ၏ ရုပ်အလောင်းကို မှုခင်းဆေးပညာအရ
စစ်ဆေးနိုင်ရန်အတွက် ရဲဆေးစာဖြင့် နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံကြီးသို့
ပို့ဆောင်ထားကြောင်း သိရသည်။
Thursday, August 30, 2012
Subscribe to:
Post Comments (Atom)
ဖိစီးမှုတွေကြောင့်ပေါ့လေ....
ReplyDelete