img.emoticon { padding: 0; margin: 0; border: 0; }

Monday, July 23, 2012

အသည်းကောင်းလို့ ပွဲတောင်းသူ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်


အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှကြီးမှုး၍ မြန်မာနိုင်ငံ မီဒီယာ ဂရု(ပ်)မှ စီစဉ်သော အသည်းကောင်းလို့ ပွဲတောင်းသူများ မြန်မာရိုးရာ လက်ဝှေ့ စိန်ခေါ်ပြိုင်ပွဲကြီးကို ဇူလိုင်လ၂၉ရက်နေ့တွင် မိုးလုံ လေလုံ အားကစား ပြိုင်ပွဲရုံ သိမ်ဖြူကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးဝင်းဇင်ဦးက ပြောကြားသည်။


အဆိုပါ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် အီရန်နိုင်ငံမှ ကမ္ဘာ့မွေ ထိုင်းချန်ပီယံ မာဆွတ်နှင့် ကင်ညာနိုင်ငံလုံး ဆိုင်ရာ မွေထိုင်း ချန်ပီယံ ကင်ညာနိုင်ငံသား လီယိုနတ်အင်ဂါဂါတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

“မာဆွတ်က မြန်မာနိုင်ငံကို လေးကြိမ်မြောက် လာရောက် ယှဉ်ပြိုင်တာပါ။ လီယိုနတ်ကလည်း မြန်မာ လက်ဝှေ့သမားတွေနဲ့ ထိုးဖူးတဲ့သူပါ” ဟု ပွဲစီစဉ်သူများ ထံမှ သိရသည်။

ယင်းပြိုင်ပွဲ၏ အဓိက ပွဲစဉ်များမှာ ရွှေခါးပတ် ချန်ပီယံ ကြယ်လင်းအောင်နှင့် မာဆွတ်၊ သတ္တိအောင်နှင့် လီယိုနတ် အင်ဂါဂါတို့ ငါးချီ စိန်ခေါ်ပွဲများ ဖြစ်ပြီး ယင်းပွဲစဉ်များ အပါအ၀င် ပွဲစဉ်ပေါင်း (၈)ပွဲ ပါဝင်မည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏ၏ ပြောကြားချက် အရ သိရသည်။

အသည်းကောင်းလို့ ပွဲတောင်းသူများ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ၏ ပွဲစဉ်များအနက် ရွှေခါးပတ် ချန်ပီယံ ကြယ်လင်းအောင်(မြန်မာ) Vs ကမ္ဘာ့ မွေထိုင်း ချန်ပီယံ မာဆွတ် (အီရန်) ဒဂုံရွှေအောင်လံ ဆုရှင် သတ္တိအောင်(မြန်မာ) Vs ကင်ညာနိုင်ငံ မွေထိုင်း ချနိပီယံ လီယိုနတ်အင်ဂါဂါ(ကင်ညာ)တို့ ထိုးသတ်မည့် ပွဲစဉ်များလည်း ပါဝင်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား