img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, June 27, 2012

လွှတ်တော်အစည်းအဝေး တက်ရောက်ဆွေးနွေးရန် NLD ပြင်ဆင်ထားပြီ




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဇူလိုင်လတွင် ပြန်လည် ကျင်းပမည့် လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေးများ၌ ဆွေး နွေးမည့် အကြောင်းအရာများကို ပြင်ဆင်ထားပြီဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်က 7Day News သို့ ပြောသည်။
စတုတ္ထပုံမှန် အစည်းအဝေး တွင် တင်ပြမည့် အကြောင်းအရာ များ၌ လွှတ်တော်နှင့် တိုက်ရိုက် သက်ဆိုင်သည့် အဆိုနှစ်ခု ပါဝင် မည်ဖြစ်ပြီး လွှတ်တော်တွင် ဥပဒေ ကြမ်းများ တင်သွင်းပါက ပြည်သူလူထုအား ဥပဒေကြမ်း၌ ပါရှိ သည့် အချက်များကို ကြို၍ အသိ ပေးရန် စသည့် အကြောင်းအရာများလည်းပါဝင်မည်ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီက ယခုအစည်းအဝေး အတွက် လွှတ်တော်နှင့် သက်ဆိုင် သော အဆိုပြုချက်များအပြင် အခြားအလုပ်သမားနှင့် လယ် သမားကဏ္ဍများနှင့် သက်ဆိုင်သည့် အဆိုပြုချက်များကိုပြင်ဆင်ထားပြီး ဖြစ်သော်လည်း ပါတီဥက္ကဋ္ဌ၏ သဘောတူညီချက်နှင့်အခြားကိုယ်စားလှယ်များက ၀ိုင်းဝန်းဆွေးနွေး၍ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ''ကျွန်တော်တို့မှာ တင်ပြချင်တာ ဆွေးနွေးချင်တာလေးတွေ တော့ ရှိတယ်။ သားငါးကဏ္ဍတို့၊ လယ်ယာကဏ္ဍတို့မှာပေါ့။ ဒါပေမဲ့လွှတ်တော်လုပ်ထုံး လုပ်နည်းတွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အကျွမ်းတ၀င်မရှိသေးတဲ့အတွက် အဖွဲ့ချုပ်မှာ ဥပဒေပညာရှင်တွေနဲ့ အားလုံးပြန်တိုင်ပင်ရပါမယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ကို အဖွဲ့ချုပ်က ညွှန်ကြားထားတာ မျိုး မရှိသေးပါဘူး'' ဟု ပြောကြားခဲ့သည်။ ဇူလိုင်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများသည် ပထမဆုံး အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီအမတ်များက မေးခွန်းများ၊အဆိုများ၊ ဥပဒေများ ဆွေးနွေးမည့်အစည်းအဝေးဖြစ်သည်။
ထိုအစည်းအဝေးတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပါတီ၏ သဘောတူညီမှုဖြင့် လွှတ်တော်တွင် ဆွေးနွေးမည်ဟု ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီသို့ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အနေဖြင့် ၀င်
ရောက်ခဲ့သူ ဒေါက်တာမြတ်ညာဏစိုးက ''အခုချိန်မှာတော့ ပါတီက ညွှန်ကြားတာ မရှိသေးပါဘူး။ ကျွန်တော်အနေနဲ့တော့ ပုံမှန်လေ့လာနေတာတွေနဲ့ ပြင်ဆင်စရာတွေကို ပြင်ဆင်ထားတာတော့ ရှိပါ
တယ်'' ဟု ပြောကြားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား