ဇွန်လ ၁၉ ရက်နေ့၊ နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေး ခန်းမမှာ ကျင်းပ
ပြုလုပ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ပြုပြင် ပြောင်းလဲ ဆောင်ရွက်
သွားမယ့်
လုပ်ငန်းစဉ်များ အခမ်းအနားမှာ နိုင်ငံတော် သမ္မတက လူတစ်ဦးကျ ရရှိတဲ့
ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးကို သုံးဆအထိ ရရှိ လာဖို့ မျှော်မှန်း
ထားတယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒီလို လူတစ်ဦး ကျရရှိမယ့် GDP တန်ဖိုး
သုံးဆ တိုးတက် ရရှိဖို့ဆိုရင်တော့ လက်ရှိ ငွေကြေး အရင်းအနှီး ထည့်ဝင်
ရင်းနှီးနိုင်မှု ပမာဏထက် နှစ်ဆခန့်ရင်းနှီး မြှုပ်နှံ နိုင်မှသာ
အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက် ရရှိလာတော့မှာ ဖြစ်တယ်လို့
သိရပါတယ်။
ဒီလို လူတစ်ဦး GDP ရရှိမှု နှုန်းသုံးဆ မပြုလုပ်ခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ
ဖြစ်ပေါ်လာမယ့် GDP ဟာ အခြေခံ နှစ်ထက် ၁.၇ ဆ ရရှိဖို့တွက်ချက် မျှော်မှန်း
ထားပါတယ်။ ဒီလ GDP ရရှိမှုနှုန်း တိုးတက်စေဖို့ အတွက် စားဝတ်နေရေး လိုအပ်ချက်
တွေကို ဖြည့်ဆည်း ရမှာ ဖြစ်သလို အမှန် တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေး
ရမှာလည်း ဖြစ်တယ်လို့သမ္မတကြီးက လမ်းညွှန် ထားပါတယ်။ နိုင်ငံရဲ့ စီးပွား
တိုးတက်မှုကို ၅ နှစ်အတွင်းမှာ သုံးဆ တိုးအောင် ဆောင်ရွက် မယ်ဆိုရင် လူ့
စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာ ပေါင်းစပ် လုပ်ဆောင် ရမှာ
ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား