မှတ်ပုံတင်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ခြင်း မရှိသည့်
ကုမ္ပဏီ ၁၇၀၀ ကျော်ကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏
ထုတ်ပြန်ချက်များအရ သိရှိရသည်။
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၀၂-၂၀၀၃
ခုနှစ်မှ စတင်ကာ သက်တမ်း ကုန်ဆုံးနေကြသည့် ကုမ္ပဏီများကို
ပြန်လည်သက်တမ်းတိုးရန် အကြောင်းကြားစာများ ပို့ထားသော်လည်း
အကြောင်းပြန်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းရန်
စီစဉ်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။ ကုမ္ပဏီများ၏ မှတ်ပုံတင် သက်တမ်းမှာ ၃
နှစ်ဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်သက်တမ်း တိုးမှုလုပ်ငန်းစဉ်များကို
ရန်ကုန်မြို့တွင် ဇွန်လ ၂၅ ရက်နေ့က ဖွင့်လှစ်သည့် ရင်းနှီးမြှပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲတွင် ဆောင်ရွက်နိုင်ကြောင်း
သိရှိရသည်။ ယခုကဲ့သို့ ဖျက်သိမ်းရန် စီစဉ်ရသည့် ကုမ္ပဏီများထဲတွင်
ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ၊ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီများနှင့်
ကျောက်မျက်ရတနာ ကုမ္ပဏီများ စသည့်ကုမ္ပဏီများ ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ
၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Thursday, June 28, 2012
မှတ်ပုံတင်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၀၀ ကျော်ကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား