img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, June 26, 2012

ကျပ် ၂၅ ဘီလီယံကျော်ကို လျော်ကြေးအဖြစ် ပေးပြီးဟု မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ရှင်းလင်း



မြန်မာနိုင်ငံအတွင်း ကျောက်ဖြူ - ကူမင်း စွမ်းအင်ပိုက်လိုင်း လုပ်ကိုင်လျက် ရှိသည့် China National Proleum Corporation (CNPC) အပါအဝင် တရုတ်၊ မြန်မာ၊ ကိုးရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခု ပေါင်းစပ်ထားသော ကုမ္ပဏီမှ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများရှိ မြေလျော်ကြေးနှင့် လယ်ယာစိုက်ခင်း သီးနှံများ လျော်ကြေးငွေအဖြစ် ကျပ်၂၅ ဘီလီယံကျော် ပေးအပ်ပြီး ဖြစ်ကြောင်း၊ မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လျော်ကြေးပေးအပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့တွင် ဆီဒိုးနား ပိာုတယ်၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ပြီး လက်ရှိအချိန်တွင် ကျောက်ဖြူ - ကူမင်း စွမ်းအင်ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများတွင် လယ်ယာလျော်ကြေးငွေ ပြဿနာများ တက်လျက် ရှိပြီး ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ ပြေလည်မှု ရရှိနိုင်စေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

CNPC မှ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် ကျောက်ဖြူ - ကူမင်း စွမ်းအင်ပိုက်လိုင်းသည် ယခင် တပ်မတော် အစိုးရလက်ထက် ကတည်းကပင် လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။

ကျောက်ဖြူ - ကူမင်း စွမ်းအင်ပိုက်လိုင်း လုပ်ကိုင်နိုင်ရန် CNPC မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ - ကူမင်း ရေနံပိုက်လိုင်း တစ်လျှောက် လယ်ယာမြေများ သိမ်းယူခြင်းကို MOE, MOGE, SEAGP, SEAOP တို့ ပါဝင်သော မြေယာသိမ်းယူရေး အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ပြီး လျော်ကြေးပေးရေး အတွက် အဖွဲ့လေးဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း SEAGP မှ ညွှန်ကြားရေးမှူး Mr.Zhouminqun က ပြောကြားသည်။

မြေယာသိမ်းယူခြင်းကို အမြဲသိမ်းယူရေးနှင့် ယာယီသိမ်းရေးဟူ၍ ခွဲခြားထားပြီး ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက်ကို အမြဲသိမ်းယူပြီး ယာယီအခြေစိုက် စခန်းများနှင့် ပိုက်လိုင်း စုပုံရေးစခန်းများ အတွက်မူ ယာယီသိမ်းယူခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပိုက်လိုင်း ဖြတ်သန်းရာတွင် သိမ်းယူထားသည့် လယ်ယာမြေများကို လျော်ကြေး ငါးဆယ်ရာခိုင်နှုန်းကို ပထမအရစ် အနေဖြင့် ပေးဆောင်ပြီးသွားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

SEAGP အစုရှယ်ယာ ကုမ္ပဏီသည် တရုတ်၊ မြန်မာ၊ ကိုးရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခု ပေါင်းစပ်ထားပြီး ပိုက်လိုင်းကို နှစ် ၃၀ လုပ်ကိုင်ခွင့် ရရှိထားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား