img.emoticon { padding: 0; margin: 0; border: 0; }

Monday, June 11, 2012

ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

» ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

ဓည၀တီ (က)ရပ်ကွက် ဓမ္မရာမ ကျောင်းတိုက်အား ဘင်္ဂလီများက အုတ်ခဲ များ၊ ဂျင်ကလိများဖြင့် ပစ်ပေါက်ခြင်းကြောင့် သံဃာတစ်ပါး ထိခိုက်ဒါဏ်ရာ ရ

ဘင်္ဂါလီ အကြမ်းဖက်သူများ အသုံးပြုသည့် မြား နှင့် ဂျင်ကလိ ကိုတွေ့ရစဉ်။

ဓည၀တီရပ်ကွက်တွင် မီးရှို့ဖျက်ဆီးရန်ကြိုးစားနေသော ဘဂါင်္လီဆူပူအကြမ်းဖက်သူများကို ထပ်မံဖမ်းဆီးမိခဲ့ပြီး အဆိုပါဘဂါင်္လီများအား လုံခြုံရေးကားပေါ်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရစဉ်

ရန်ကုန်၊ ဇွန် ၁၁

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဇွန်လ ၁၁ ရက်နေ့ ၁၄၃၅ နာရီ ။ နာဇီရပ်ကွက်(၁၂)၊ ဘင်္ဂါလီအများစုနေထိုင်သည့် အိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ(၂၀)မှ တပ်မတော် သားများမှ သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရသဖြင့် လူစုကွဲကာ မီးများလည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယင်းနေရာ သို့ မီးသတ်ကားများ သွားရောက် ငြိမ်းသတ်စဉ် ဘင်္ဂါလီများက ခဲဖြင့် ပစ်ပေါက်သဖြင့် မီးမငြိမ်းသတ်နိုင်ဘဲ တပ်မတော် ၏အကူအညီဖြင့် မီးငြိမ်းသတ်နေရကြောင်း ဒေသခံများက ပြောကြားသည်
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)

ယနေ့(ဇွန် ၁၁) မွန်းလွဲ တစ်နာရီ ခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် ၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိစုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက် ပိုထိရောက်မည့် အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သောအကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။
ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

ရန်ကုန်၊ ဇွန် ၁၁

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား