သူငယ်ချင်းတစ်ယောက်မေးထားတာလေးပါ....ကြာနေပါပြီ
.... USB Stick ကို ကွန်ပြူတာမှာ တပ်လိုက်တော့ "USB Drive Not Recognized"
ဆိုတဲ့ Error တတ်နေလို့ပါတဲ့ ဘယ်လိုဖြေရှင်3းtN_g Cw... တဲ့လေ ....
ဆိုတော့ မေးနေတဲ့ လူကိုလည်း အားနာပါတယ် ချက်ချင်း ပြန်မဖြေပေးနိုင်တဲ့
အတွက် ...:) ကွန်ပြူတာနဲ့ ပတ်သက်ပြီး မိမိတို့မှာ ဖြစ်နေတဲ့ ပြဿနာ
အထွေထွေကို မေးမြန်းကြတဲ့ နေရာမှာ တချို့သော လူတွေက နည်းပညာနဲ့ ပတ်သက်ပြီး
Blog ရေးနေသူတိုင်း အကုန်သိ အကုန်တတ်ကြတယ်လို့ ထင်နေတတ်ကြပါတယ် (တချိန်က
ကျနော် အပါဝင်ပါပဲ) တကယ်တမ်းတော့ ကွန်ပြူတာ နည်းပညာ ဟာ အရမ်းကျယ်ပြန့်တဲ့
အတွက် လိုက်မမှီနိုင်ပါဘူး.....:) အကုန်သိ အကုန်တတ်ဖို့ရာတော့
တော်တော်ကြီးကို အချိန်ပေးရမှာပါ...:)
ဒါ့ကြောင့်
မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကိုယ် ကိုယ်တိုင် ဖြစ်ဖူး ကြုံဖူးတဲ့
မေးခွန်းလေးတွေနဲ့ တိုက်ဆိုင်တာမျိုး ရှိခဲ့ရင်တော့ချက်ချင်း အချိန်ရရင်
ဖြေပေးထားနိုင်ပါတယ် ...:) အဲတချို့ မေးခွန်းတွေကျတော့ ကိုယ်တိုင်
မကြုံဖူးသေးတဲ့ အပြင် ကြားတောင် မကြားဖူးသေးတဲ့ မေးခွန်းမျိုး ဆိုရင်တော့
တော်တော် အချိန်ပေးပြီး အင်တာနက်ထဲ မှာ စမ်းတဝါးဝါးနဲ့ ရှာဖွေ
လေ့လာရပါတယ်... ဒါတောင် တိကျတဲ့ အဖြေကို ချက်ချင်းမရနိုင်ပါဘူး
ပြဿနာချင်းတူနေပေမဲ့လည်း ဖြေရှင်းကြတဲ့ နည်းလမ်းကျတော့
မတူကြပြန်ပါဘူး...:) ဟုတ်ရဲ့လား ဖြစ်နိုင်ပါ့မလားဆိုပြီး ကိုယ်တိုင်
စမ်းသပ်ကြည့်ရသေးတဲ့ အခြေအနေမျိုးလည်းကြုံရပါသေးတယ်.... ဖြစ်နိုင်တယ်
သေချာတယ်ဆိုမှ စာဖတ်ပရိတ်သတ်ဆီကို တဆင့် ပြန်လည်မျှဝေပေးရတာပါ.... Software
တွေဆိုရင် ပိုတောင်ဆိုးပါသေးတယ် ကိုယ်က Software တိုင်းကို အလကား ပိုက်ဆံ
မပေးရပဲ လိုချင်တာဆိုတော့ အချိန်ပေးပြီး ရှာ ... တွေ့ပြီဆိုတော့ Download
လုပ် .. ပြီးတော့ ဖိုင်ကို ဖြည် စမ်းသပ် Run ပြီးကာမှ Serial Key က
အဆင်မပြေ Crack က အလုပ်မလုပ် Patch ကသုံးမရ Keygen က Run မရ နဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင်ပါ... Key ပြန်ရှာ .. ရှာလို့ရလာပြန်တော့
လက်ရှိ Version နဲ့ မကိုက် အလုပ်မလုပ် ..... ဟူးးးးး3းO_o ՙKg
အလုပ်ရှုတ် အရှုတ်တွေ လုပ်နေရပါတော့တယ်...... ဒီကြားထဲ သွင်းထားတဲ့
Software တွေ အချင်းချင်း မသင့်မြတ်ကြလို့ (သို့) Virus ဆိုတဲ့ အကောင်
ပါသွားလို့ Window ပြန်တင်နေရတာလည်း အကြိမ်ကြိမ်ပါပဲ....:P
ဒါ့ကြောင့် တချို့ မေးထားတာလေးတွေ ကို ချက်ချင်း အကြာင်းမပြန်နိုင်ခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်...:)
ခုအပေါ်မှာမေးထားတာလေးကို နိုင်ငံခြား ဖိုရမ် တွေမှာလည်း ရေးထားတာရယ် ဒီဆိုက်ဒ် လေးမှာ ရေးထားတာရယ် ဖြေရှင်းပုံချင်းတူနေတာကြောင့် သေချာတယ်ထင်ပြီး ပြန်လည်မျှဝေပေး
လိုက်ပါတယ်.....:)
USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတတ်ပါတယ်။
ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။
နည်းလမ်း(၁)
- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)
- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။
-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။
နည်းလမ်း(၂)
- နောက်တစ်နည်းကတော့ Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။
- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)
- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။
ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။

ref:http://aungphyopyae.blogspot.com
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား