(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန်ကစပြီး ဘင်္ဂလား
ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ
တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး
အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ်
အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ
ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့ အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။
အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ
မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့
ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။
မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့ မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
Wednesday, April 25, 2012
ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာ
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား