ဂျီမေးလ်အကောင့်အသစ်
ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို
အသုံးပြုကာ အီးမေးလ်အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။
Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ
မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်အတည်ပြုခြင်းကို
ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခင်က ပြည်တွင်းမှ အင်တာနက်
အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ်အကောင့်သစ်များကို ပြုလုပ်လိုပါက
ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့်
ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ
ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။
“အခုလိုမျိုး
ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို
အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင်
နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့
ကင်းဝေးသွားပြီးပေါ့” ဟု ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့်
သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။
ထိုကဲ့သို့
ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို
အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့ Audio Message
စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို
အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏ အဆိုပါဝန်ဆောင်မှုကို
စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော
အင်တာနက်ကျွမ်းကျင်သူများထံမှ သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် 7
Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
7
Day News
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား