img.emoticon { padding: 0; margin: 0; border: 0; }

Sunday, August 11, 2013

ယခုလ ထီဈေးကွက်အတွင်း ထီအစောင်ရေ ၂၇ သိန်းခန့် ထပ်တိုးရောင်းချမည်

ပြီးခဲ့သည့် ဇူလိုင် (၂၉၅ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ထီဈေးကွက်အတွင်း ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ရောင်းချခဲ့ပြီး ယခုလတွင်လည်း ထီအစောင်ရေ ၂၇ သိန်းခန့် ထပ်မံတိုး၍ ရောင်းချမည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။
ပြီးခဲ့သည့် ဇွန် (၂၉၄ ကြိမ် မြောက်ထီဖွင့်ပွဲ) အတွက် ဈေးကွက်အတွင်း ထီအက္ခရာ အလုံးရေ ၃၁ လုံး (ထီအစောင်ရေ ၂၇၈ သိန်းကျော်) ရောင်းချခဲ့ပြီး ထီရောင်းအား ယခင်နှစ်ကထက် ကောင်းခဲ့သောကြောင့် ဇူလိုင် (၂၉၅ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ထီအက္ခရာ ၃၂ လုံး (ထီအစောင်ရေ သိန်း ၂၈၇ သိန်းကျော်) ရောင်းချခဲ့ပြီး ထီရောင်းအား ကောင်းနေဆဲ ဖြစ်သောကြောင့် ယခုလတွင် ထီအက္ခရာ ၃၅ လုံး (ထီအစောင်ရေ ၃၁၅ သိန်းနီးပါး) ရောင်းချမည် ဖြစ်သောကြောင့် ပြီးခဲ့သည့် ဇူလိုင်ထက် ထီစောင်ရေ ၂၇ သိန်းနီးပါး ပိုလာမည် ဖြစ်ကြောင်း သိရသည်။

ထီစောင်ရေ တိုးမြှင့်ရောင်းချမည် ဖြစ်သောကြောင့် တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''ဒီနှစ် အထက်မြန်မာပြည် ဘက်မှာ ထီထိုးအား ကောင်းနေတာကို တွေ့ရတယ်။ အောက်မြန်မာပြည်မှာလည်း ထီထိုးအား အသင့်အတင့် ရှိနေတယ်။ ဒါကြောင့် ထီအစောင်ရေကို ထပ်တိုးထုတ်တာ ဖြစ်ပါတယ်။ ထပ်တိုးထုတ်သလောက် ထီတွေအကုန် ကုန်မယ်လို့ မှန်းထားပါတယ်။ လကုန်လို့ ထီရောင်းမကုန်လည်း ကုန်သလောက်ရောင်းပြီး ကုန်တဲ့အပေါ် မူတည်ပြီး ထီဆုမဲ ခွဲပေးမှာပါ။ ထီအစောင်ရေ တိုးထုတ်တဲ့အတွက် ထီဆုမဲတွေလည်း တိုးမှာပါ'' ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထီဆုမဲများ တိုးရာတွင် ထီဆုမဲကြီးမှလွဲ၍ အခြားဆီဆုမဲများ တိုးနိုင်ပြီး ကျပ်သိန်း ၂၀၀၊ ၃၀၀ နှင့် ကျပ်သိန်း ၁၀၀ မင်္ဂလာစုံတွဲ စနစ်များတွင် တိုးကောင်း တိုးနိုင်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ထီအစောင်ရေ ကိုးသိန်းတိုး ရောင်းချချိန်၌ ကျပ်သိန်း ၂၀၀ ဆု သုံးဆု၊ ကျပ် ၁၀ သိန်းဆု ၁၄ ဆုနှင့် ကျပ်တစ်သိန်းဆု ၁၅၀ ဆု အပါအ၀င် ထီဆုမဲပေါင်း ၂၀၇ ဆု တိုးပေးခဲ့ပြီး ထီဆုမဲပေါင်း ၂၄၉၁၉ ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုလ ထီအစောင်ရေ ရောင်းချမည့် ပမာဏမှာ ယခင်နှစ် အလားတူ ကာလထက် အစောင်ရေ ၃၆ သိန်း နီးပါး ပိုခဲ့ပြီး ကျပ် ၂၀၀ တန် ထီ စနစ်တွင် လုံးဝမရောင်းချခဲ့ဖူးသည့် ပမာဏ ဖြစ်ကြောင်းလည်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

လစဉ်ထီရောင်းရ ငွေများ၏ ရာခိုင်နှုန်း ၆၀ ကို ဆုမဲများအဖြစ် ပေးအပ်ခြင်းဖြစ်ပြီး ရာခိုင်နှုန်း ၄၀ ကိုမူ နိုင်ငံတော် အခွန်ငွေအဖြစ် ပေးသွင်းခြင်း ဖြစ်ကြောင်း၊ ထီစောင်ရေ တိုးမြှင့်ရောင်းချမှုနှင့်အတူ ထီအခွန်ငွေများလည်း ပိုမိုရရှိမည် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ထီတစ်စောင်လျှင် ကျပ် ၃၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

ရန်ကုန်မြို့ရှိ ထီဆိုင်တစ်ဆိုင်တွင် ထီထိုးနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

အေးချမ်းမွန် Credit To >> Eleven Media Group << Thanks
Re-posted By ACM 12-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား