img.emoticon { padding: 0; margin: 0; border: 0; }

Sunday, August 11, 2013

လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အကြောင်းကို နိုင်ငံတကာဘဏ်များ သိရှိမှု နည်းသဖြင့် ချေးငွေများ ရယူရန် ခက်ခဲနေ

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အကြောင်းကို နိုင်ငံတကာဘဏ်များ သိရှိမှု အားနည်းနေသဖြင့် ချေးငွေများ ရယူရန် ဆောင်ရွက်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Ashurst မှ Managing Parter Mr. John McCleanahan က အကြံပြု ပြောကြားခဲ့သည်။

UMFCCI တွင် ပြုလုပ်ခဲ့သည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် Managing Parter Mr. John McCleanahan က ပြောကြားသည်။

''မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံတကာ ဘဏ်တွေနဲ့ စိမ်းနေတဲ့အတွက် မြန်မာနိုင်ငံက ဘာလဲဆိုတာကို ရှင်းပြဖို့လိုတယ်။ အဲလိုစိမ်းနေတဲ့ အတွက် ချေးငွေရယူတဲ့ အခါမှာလည်း အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ Capital market မရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာလည်း အခက်အခဲ ရှိပါတယ်။ မြန်မာနိုင်ငံ အနေအထားမှာဆိုရင် နိုင်ငံခြားသားတွေ အနေနဲ့ မြေ၀ယ်ခွင့် မရှိဘူးဆိုတော့ ငှားရမ်းခတွေကလည်း အဆမတန် ဈေးကြီးနေတဲ့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ဆိုသည်။

ထို့အပြင် လျှပ်စစ်စွမ်းအား ထုတ်ယူရာတွင် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပြဿနာများကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း၊ စီမံကိန်းတိုင်းတွင် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အတွက် အာမခံထားရှိမှုသည် အရေးပါသောကြောင့် အာမခံ၏ အရေးပါပုံကိုလည်း ၎င်းက ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် သိသင့်သည့် အချက်အလက်များကို ပြောကြားသည်။

အေးချမ်းမွန် Credit To >> Eleven Media Group << Thanks
Re-posted By ACM 12-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား